မြစိမ်းရောင်ကျေးရွာစီမံကိန်း နှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းများမှ ထုတ်ချေးထားသည့် ချေးငွေများ အရင်း/အတိုး ပြန်လည်ပေးဆပ်ရမည့်ကာလအား ၂၀၂၁ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့မှ စ၍ အတိုးမဲ့၊ ရက်လွန်ဒဏ်ကြေးကင်းလွတ်ခွင့်ဖြင့် ရွေ့ဆိုင်းခြင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန

အမိန့်ကြေညာစာအမှတ် (၃/၂၀၂၁)

၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက်

(၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်)

-----------------------------

မြစိမ်းရောင်ကျေးရွာစီမံကိန်း နှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းများမှ ထုတ်ချေးထားသည့် ချေးငွေများ အရင်း/အတိုး ပြန်လည်ပေးဆပ်ရမည့်ကာလအား ၂၀၂၁ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့မှ စ၍ အတိုးမဲ့၊ ရက်လွန်ဒဏ်ကြေးကင်းလွတ်ခွင့်ဖြင့် ရွေ့ဆိုင်းခြင်း

=====================

၁။  စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် အာဟာရပြည့်ဝစေရန် ရည်မှန်း၍ မြစိမ်းရောင် ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။ COVID-19 ကပ်ဘေးကာလအတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်နစ်နာမှုများကို အထိုက်အလျောက် ပြေလျော့သက်သာစေရန်အတွက် မြစိမ်းရောင်ချေးငွေအပေါ် ကောက်ခံသည့် အတိုးနှုန်းအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ၂၀၂၁ ခုနှစ်၊ ဧပြီလအထိ အနိမ့်ဆုံးအတိုးနှုန်းဖြစ်သည့် ၀.၅% သာ ကောက်ခံရန် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

၃။ ယခုအခါ COVID-19 ကပ်ဘေးအပြင် အာဏာသိမ်းစစ်အုပ်စု၏ အဆင်အခြင်မဲ့လုပ်ရပ်များကြောင့် ကျေးလက်နေ ပြည်သူလူထုအပေါ် လူမှုစီးပွားဘဝ ထိခိုက်နစ်နာမှုများ ဆိုးရွားစွာသက်ရောက်လျက် ရှိနေခြင်းကြောင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေ အမျိုးအစားအားလုံးနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း များမှ ထုတ်ချေးထားသည့် ချေးငွေများ အရင်း/အတိုး ပြန်လည်ပေးဆပ်ရမည့်ကာလအား ချေးငွေသဘောတူစာချုပ်တွင် မည်သို့ပင်ပါရှိစေကာမူ၂၀၂၁ခုနှစ်၊ မတ်လ (၁၉) ရက်နေ့မှစ၍ နောက်ထပ် ကြေညာချက်တစ်စုံတစ်ရာ မထုတ်ပြန်မီ အချိန်အထိ အတိုးမဲ့ ရွေ့ဆိုင်းလိုက်သည်။

၄။ ရွေ့ဆိုင်းကာလအတွင်း အရင်း/အတိုး ပြန်လည်ပေးဆပ်ရန် မလိုအပ်သည့်အပြင် ရက်လွန်ဒဏ်ကြေး ပေးဆောင်ရခြင်းအား တစ်ပါတည်း ကင်းလွတ်ခွင့် ပြုလိုက်သည်။


Committee Representing Pyidaungsu Hluttaw - CRPH

https://www.facebook.com/crph.official.mm/

မြစိမ်းရောင်ကျေးရွာစီမံကိန်း နှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းများမှ ထုတ်ချေးထားသည့် ချေးငွေများ အရင်း/အတိုး ပြန်လည်ပေးဆပ်ရမည့်ကာလအား ၂၀၂၁ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့မှ စ၍ အတိုးမဲ့၊ ရက်လွန်ဒဏ်ကြေးကင်းလွတ်ခွင့်ဖြင့် ရွေ့ဆိုင်းခြင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း နှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းများမှ ထုတ်ချေးထားသည့် ချေးငွေများ အရင်း/အတိုး ပြန်လည်ပေးဆပ်ရမည့်ကာလအား ၂၀၂၁ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့မှ စ၍ အတိုးမဲ့၊ ရက်လွန်ဒဏ်ကြေးကင်းလွတ်ခွင့်ဖြင့် ရွေ့ဆိုင်းခြင်း Reviewed by THITHTOOLWIN on 20:37 Rating: 5

No comments:

Powered by Blogger.