ကျောက်ပန်းတောင်းမြို့ ညသပိတ်ဖြိုခွဲခံရ၊ တစ်ဦး သေဆုံး



ကျောက်ပန်းတောင်းမြို့၊ လေးရွာကျောင်းအနီးက လူအင်အား ၄၀ ဝန်းကျင်ရှိတဲ့ ညသပိတ်ကို အခုည ၉နာရီခွဲကျော်မှာ စစ်ကောင်စီတပ်တွေက ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။


အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးကျည်မှန်သေဆုံးတယ်လို့ လည်း သိရပါတယ်။


"တပ်က လေးရွာကျောင်းထဲတပ်စွဲထားတာ၊ သပိတ်က အဲ့ကျောင်းနားက မြေနီလမ်းမယ်လုပ်တယ်။ အသံဗုံးလည်းမပစ်ဘူး၊ ရာဘာကျည်လည်းမပါဘူး။ ကျည်အစစ်တွေနဲ့ချည်းပဲပစ်တာ၊အခုထိတဲ့တစ်ယောက်အိမ်ကလည်း အဲ့ကျောင်းနားဆိုတော့ လူနာတင်ကားအလွယ်တကူဝင်မရဘဲ ပေါင်ကျည်မှန်တာကနေ သွေးထွက်လွန်သေတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။


အခုကျည်မှန်သေဆုံးသူအပြင် ပစ်ခတ်ခံရသူ ၄ ဦးရှိပြီး စိုးရိမ်ရသူတစ်ဦးရှိတယ်လို့ဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

ကျောက်ပန်းတောင်းမြို့ ညသပိတ်ဖြိုခွဲခံရ၊ တစ်ဦး သေဆုံး  ကျောက်ပန်းတောင်းမြို့ ညသပိတ်ဖြိုခွဲခံရ၊ တစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 07:49 Rating: 5

No comments:

Powered by Blogger.