မုံရွာနယ်မြေရဲစခန်းက ပျောက်ဆုံးနေတဲ့ရဲ နှစ်ဦးရဲ့ အလောင်း ဆားကျင်းသုသာန်အနီးတွေ့

မတ်လ၂၅ရက် ညပိုင်းက ပျောက်ဆုံးခဲ့တဲ့ မုံရွာအရှေ့ဘက်ပိုင်းနယ်မြေရဲကင်းက ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဆားကျင်းသုသာန်အနီးမှာ သေဆုံးနေတာတွေ့ရပါတယ်။

ရုပ်အလောင်းတွေမှာ ဒဏ်ရာတွေ တွေ့ရပြီး အိတ်အဝါတွေနဲ့ လာရောက်သယ်ဆောင်သွားတာကို တွေ့ရတယ်လို့ ဆားကျင်းသုသာန်အနီး နေထိုင်သူတွေက ဆိုပါတယ်။

ဆားကျင်းသုသာန်ကို မြို့မသုဿာန်လို့လည်း မြို့ခံတွေကခေါ်ဆိုကြပြီး နွေဦးတော်လှန်ရေး ကာလမှာကျဆုံးခဲ့သူတွေကို အုတ်ဂူသွင်းခဲ့တဲ့ သုသာန်ဖြစ်ပါတယ်။

ပျောက်ဆုံးခဲ့တဲ့ ရဲတပ်သား၂ ဦး တာ၀န်ကျတဲ့ နယ်မြေရဲစခန်းရှိတဲ့ စက်မှုဇုန်နယ်မြေဟာ ဆားကျင်းသုသာန်ကို ဆိုင်ကယ် ၅ မိနစ်ခန့် မောင်းရင်ရောက်တဲ့နေရာမှာ ရှိပါတယ်။

ဒဏ်ရာနဲ့သေဆုံးသူတွေကို အတည်ပြုရာမှာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်ပြီး ပုလဲမြို့နဲ့ ခင်ဦးစခန်းတွေ ကနေ မုံရွာမှာ တာဝန်ထမ်းဆောင်နေသူတွေ ဖြစ်တယ်လို့ ရဲအသိုင်းအဝိုင်းက သတင်းတွေ ထွက်ပေါ်လာပါတယ်။

အဲဒီရဲတပ်ဖွဲ့ဝင်တွေ ဘာကြောင့်သေဆုံးတယ်ဆိုတာကိုတော့ ရဲတပ်ဖွဲ့ကထုတ်ပြန်တာ မရှိသေးပါဘူး။

အဲဒီရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ မနက်ပိုင်းက စက်မှုဇုန် နယ်​မြေမှာ လက်ဖက်ရည်ဆိုင်ထိုင်သူတွေနဲ့ လူနေအိမ်တွေမှာ လူ ၃၀ နီးပါးကို အင်အားသုံး ဖမ်းဆီးတာတွေ ရှိတယ်လို့ စက်မှုဇုန်ရပ်ကွက် ဒေသခံတွေက ပြောပါတယ်။

မတ်လအတွင်း ဒီပဲယင်းမြို့နယ်မှာ ရဲ ၂ ဦး နဲ့ ခင်ဦးမြို့နယ်မှာ စခန်းမှူးအဆင့် ၁ ဦး သေဆုံးခဲ့ပြီး မုံရွာမှာ ၂ဦး သေဆုံးခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

မုံရွာနယ်မြေရဲစခန်းက ပျောက်ဆုံးနေတဲ့ရဲ နှစ်ဦးရဲ့ အလောင်း ဆားကျင်းသုသာန်အနီးတွေ့  မုံရွာနယ်မြေရဲစခန်းက ပျောက်ဆုံးနေတဲ့ရဲ နှစ်ဦးရဲ့ အလောင်း ဆားကျင်းသုသာန်အနီးတွေ့ Reviewed by THITHTOOLWIN on 22:49 Rating: 5

No comments:

Powered by Blogger.