စမ်းချောင်း မြို့နယ်ထဲအိမ်တွေကို ဝင်ရောက်စီးနင်းပြီး ရှာဖွေဖို့ ပြင်နေ



စမ်းချောင်း မြို့နယ်ထဲ ကလမ်းအချို့ကို အာဏာသိမ်းစစ်ကောင်စီ တပ်တွေက ပိတ်ထားပြီး အိမ်တွေကို ဝင်ရောက်စီးနင်းပြီးရှာဖွေဖို့ ပြင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နေ့လယ် တစ်နာရီလောက်က စပြီး စမ်းချောင်းက ကျွန်းတောလမ်းနဲ့ ဗဟိုလမ်း အကြားလမ်းတွေအပါအဝင် လမ်းအချို့ကို ရဲက ပိတ်ထားခဲ့ပြီး ပြီးခဲ့တဲ့နာရီပိုင်းကတော့ လမ်းတွေပြန်ဖွင့်ပေးဖို့ ရပ်ကွက်နေလူထုက တောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့မိနစ်ပိုင်းက ဧည့်စာရင်း စစ်မယ်လို့ အသံချဲ့စက်နဲ့ ကြေညာသွားခဲ့ပါတယ်။

စမ်းချောင်း ပုသိမ်လမ်း..မြောင်းမြလမ်း..မအူပင်လမ်းတွေထဲမှာ ပိတ်မိနေတဲ့ သူအချို့ရှိတယ်လို့လည်း သတင်းရပေမယ့် သီခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ရန်ကုန်မြို့က အမေရိကန်သံရုံးကတော့ လုံခြုံရေးတပ်ဖွဲ့တွေ ပိတ်ဆို့ထားတာကြောင့် တင်းမာမှုတွေရှိနေပြီး လုံခြုံရေးတပ်ဖွဲ့တွေ ထိုနေရာဝန်းကျင်က ထွက်ခွာပေးဖို့ ပြည်သူတွေဘေးအန္တရာယ်ကင်းစွာပြန်ခွင့်ပြုဖို့မေတ္တာရပ်ခံကြောင်းစာထုတ်ပြန်ခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

စမ်းချောင်း မြို့နယ်ထဲအိမ်တွေကို ဝင်ရောက်စီးနင်းပြီး ရှာဖွေဖို့ ပြင်နေ  စမ်းချောင်း မြို့နယ်ထဲအိမ်တွေကို ဝင်ရောက်စီးနင်းပြီး ရှာဖွေဖို့ ပြင်နေ Reviewed by THITHTOOLWIN on 22:47 Rating: 5

No comments:

Powered by Blogger.