ယနေ့ ဖားကန့်သပိတ်စစ်ကြောင်းတွင် ကျဆုံးခဲ့ရသည့် ကိုကျော်လင်းထိုက်၏ နာရေးမြင်ကွင်း။






သတင်း/ ဓာတ်ပုံ - စစ်ကိုနိုင်ထွန်း

ကိုကျော်လင်းထိုက်၏ ရုပ်အလောင်းအား လက်ရှိအချိန် ဆိုင်းတောင် ရှမ်းနီတိုင်းရင်းသားရုံးတွင် ထားရှိသည်ဟုသိရသည်။

ရဲတပ်ဖွဲ့၏ ပစ်ခတ် မှုကြောင့် သေဆုံးသွားသည့် ဖားကန့်မြို့ ဆိပ်မူရပ်ကွက် (၄) နေကိုကျော်လင်းထိုက်သည် သပိတ်စစ်ကြောင်းတွင် ရှေ့တန်းမှ ဒိုင်းကာကိုင်သူ တစ်ဦးဖြစ်သည်။

 မိဘ (၂) ပါးမရှိကြတော့ဘဲ  မိုးညှင်း GTC ကျောင်းဆင်းဖြစ်ကာအသက် (၃၀) အရွယ် ရှမ်းနီတိုင်းရင်းသား တစ်ဦးလည်း ဖြစ်သည်။

 နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် ဖြိုခွင်း ပစ်ခတ်မှုကြောင့် ညာဘက်လက်မောင်းထိပ်ဝမှ ရင်ဘက်အတွင်းထိ လိုဏ်ပေါက်ဒဏ်ရာကြောင့်  မရှီကထောင်ရပ်ကွက် မရှီကထောင်ကုန်းဆင်း စိန်ချိုကွမ်းယာဆိုင်ရှေ့တွင် ကျဆုံးခဲ့ရသည်။


Myitkyina News Journal

https://www.facebook.com/myitkyinanewsjournal.mm/

ယနေ့ ဖားကန့်သပိတ်စစ်ကြောင်းတွင် ကျဆုံးခဲ့ရသည့် ကိုကျော်လင်းထိုက်၏ နာရေးမြင်ကွင်း။ ယနေ့ ဖားကန့်သပိတ်စစ်ကြောင်းတွင် ကျဆုံးခဲ့ရသည့် ကိုကျော်လင်းထိုက်၏ နာရေးမြင်ကွင်း။ Reviewed by THITHTOOLWIN on 20:09 Rating: 5

No comments:

Powered by Blogger.