ကယားပြည်နယ် ဆန္ဒပြပွဲ ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော် ပူးပေါင်း

Photo- Ven Revata

ကယားပြည်နယ်နဲ့ ကချင်ပြည်နယ်တွေက ရဲတပ်ဖွဲ့ဝင်တွေဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) လှုပ်ရှားမူတွေမှာ ဆက်တိုက်ပါဝင်လာရာမှာ ကယားပြည်နယ်မှာတော့ ဒီရက်ပိုင်းအတွင်း CDMလုပ်တဲ့ ရဲတပ်ဖွဲ့ဝင် ၁၀၀ကျော်သွားပြီ ဖြစ်ပါတယ်။ ဒီသတင်းကို မအေးအေးမာက ပြောပြပေးမှာပါ။

ကယားပြည်နယ်မှာတော့ လူထုဆန္ဒပြပွဲတွေက နေစဉ်ရှိနေပြီး သပိတ်ကော်မတီကို လာရောက်ပူးပေါင်းတဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ၁၀၀ကျော်သွားပြီ ဖြစ်ကြောင်း လွိုင်ကော်မြို့ကဆန္ဒပြလှုပ်ရှားမူတွေမှာခေါင်းဆောင်တဦးဖြစ်တဲ့ ဗကသခေါင်းဆောင်ဟောင်း ကိုကောင်းထက်ကျော်ကပြောပါတယ်။

“ ၆၀ကျော်ကနေ ၇၁ဦး ထိတက်လာတယ် ၇၁ဦးကနေ အခုဆိုရင် ဆက်တိုက်တက်လာတယ်။ ထူးခြားတာတခုက နေပြည်တော်က ကယားပြည်နယ်ထဲက ရဲတွေက အားနည်းတယ်ဆိုပြီးလူ ၁၀၀ကျော်ပို့ လာတယ်။ အဲဒီ ၁၀၀ကျော်ထဲက၁၀ယောက်ကလည်း CDM လုပ်သွားတယ် ကယားပြည်နယ်ရောက်မှလုပ်သွားတာ။ အခု ၁၀၀ကျော်ဖြစ်သွားပြီဒါပေမဲ့ သူတို့က လုံခြုံတဲ့နေရာမှာရှိနေတယ် သူတို့ ဘယ်ရောက်နေလဲဆိုတာ သူတို့က လိုက်လံ စုံစမ်းနေတယ်။ တောင်တန်းဒေသဖြစ်တော့ ဘယ်နေရာမှာလဲဆိုတာစုံစမ်းဖို့တော့ ခက်နေတယ် အသည်းအသန်တော့ သူတို့ ဘက်ကလိုက် စုံစမ်းထောက်လှမ်းနေပါတယ်။”

ရဲတပ်ဖွဲ့ဝင်တွေကိုတော့ လုံခြုံတဲ့နေရာတွေမှာ ထားပေးထားပြီး သူတို့အားလုံးဟာ စစ်အုပ်ချုပ်ရေးကောင်စီလက်ထက်မှာ CDM လုပ်တဲ့ ရဲဝန်ထမ်းများဖြစ်ကြတယ်လို့ ဆိုပါတယ်။

မတ်လ ၄ရက်နေ့ကတော့ ကချင်ပြည်နယ် ပူတာအိုဘက်မှာလည်း ရဲတပ်ဖွဲ့ဝင်အင်အား ၁၆ဦးဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လှုပ်ရှားမူမှာ ပါဝင်လာကြောင်းကိုလည်း ပူတာအိုမြို့ ကဒေသခံတဦးကအခုလိုပြောပြပါတယ်။

“မနေ့ ကတော့ ၁၆ ယောက် ပြီးခဲ့တဲ့ လထဲကတော့ တယောက် ရှိပါတယ်။ ဒီလထဲမှာတော့ အများဆုံးပဲ သူတို့ အခြေအနေတော့ သေချာမသိရသေးဘူး ဒါပေမဲ့ သူတို့က တိမ်းရှောင်နေရတဲ့အခြေအနေတော့ရှိပါတယ်။”

ကချင်ပြည်နယ်၊ ပူတာအိုမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ရဲဝန်ထမ်း၁၆ ဦးဟာရဲဝန်ထမ်းတာဝန်ကနေ နုတ်ထွက်တာမဟုတ်ပဲအကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာပါဝင်တာသာဖြစ်ကြောင်း ကိုလည်းသူတို့ ရဲ့ကိုယ်ပိုင်လူမူကွန်ယက်စာမျက်နှာတွေကလည်း တရားဝင်ရေးသားဖော်ပြကြပါတယ်။ အလားတူ မန္တလေးတိုင်းရဲတပ်ဖွဲ့က တိုင်းရဲတပ်ဖွဲ့မှူးရဲ့ ကိုယ်ရေးအရာရှိ ဒုရဲမှူး သက်နိုင်ထွန်းကလည်းCDM လုပ်နေကြောင်း သူ့ရဲ့လူမှုကွန်ယက်မှာရေးသားဖော်ပြထားပါတယ်။


မအေးအေးမာ/ VOA Burmese

https://burmese.voanews.com/a/kayah-state-police-cdm-/5804055.html

ကယားပြည်နယ် ဆန္ဒပြပွဲ ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော် ပူးပေါင်း ကယားပြည်နယ် ဆန္ဒပြပွဲ ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော် ပူးပေါင်း Reviewed by THITHTOOLWIN on 09:55 Rating: 5

No comments:

Powered by Blogger.