(၂၀/၃/၂၀၂၁)
ကနေဒါနိုင်ငံ York University က သင်ချာ ပါမောက္ခ
Emanoil Theodorescu ကို တာဝန်ကနေဖယ်ရှားလိုက်တာပါ။ မြန်မာနိုင်ငံထဲမှာ ပိတ်မိနေတဲ့ ကျောင်းသားတဦးက အင်တာနက်အခက်အခဲအရရော ရန်ကုန်မှာ အကြမ်းဖက်စစ်တပ်က သတ်ဖြတ်နေတာတွေကြောင့် စာမေးပွဲနောက်ဆုတ်ပေးဖို့ အကူအညီတောင်းရာမှာ ရွှေ့မပေးနိုင်ကြောင်းနဲ့ အလကားပစ်သတ်တာမဟုတ် -အကြောင်းရှိလို့သတ်တာပေါ့ဆိုတာမျိုးအကြောင်းပြန်ခဲ့တာပါ။
အဲဒီလို အသွားအပြန်ရေးထားတဲ့ အီးမေလ်ကို ကနေဒါကျောင်းသားတွေဖတ်ရပြီးနောက်ပိုင်း York University ကို လူသတ်အားပေး ဆရာတွေကို လက်ခံသလားဆိုပြီး ကန့်ကွက်ခဲ့ကြပါတယ်။ ကနေဒါသတင်းမီဒီယာတွေကလည်းရေးသားလာချိန်မှာ အခုလို တာဝန်က ဖယ်ရှားလိုက်တာပါ။
အခုဆိုရင် အကြမ်းဖက်လူသတ်သမားတွေဆိုတဲ့ အသုံးအနုံးနဲ့ အကြမ်းဖက်တွေရဲ့သားသမီးတွေကို ကျောင်းတွေကထုတ်ပြီး နိုင်ငံကမောင်းထုတ်ပေးဖို့တောင်းဆိုမှုတွေမှာ သက်ဆိုင်ရာ နိုင်ငံတွေက ကျောင်းသူ ကျောင်းသားတွေ တက္ကသိုလ်တွေပါ ပါလာပြီဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေရဲ့ သားသမီးတွေရဲ့
ရပြီးသားဘွဲ့တွေကိုပါ ပြန်ရုပ်သိမ်းကြောင်းကြေညာဖို့အထိ လှုပ်ရှားလာတာတွေ့ရပါတယ်။
Burma News Network

No comments:
Post a Comment