ရွှေပြည်သာ သပိတ်ကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းလို့ လူ ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး ဖမ်းဆီးခံရသူများပြား
ရန်ကုန်၊ မတ် -၁၄-၂၀၂၁
ရွှေပြည်သာမြို့နယ် ကားကြီးဂိတ်မှတ်တိုင် အထက - ၁ ကျောင်းအနီးမှာ ဆန္ဒပြနေတဲ့လူထုကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကာ ဖမ်းဆီးခံရသူ အများအပြားရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက "ခေါင်းကိုသေနတ်မှန်ပြီး သေသွားတာပါ။ လတ်တလောအခြေအနေအရ တစ်ဦးပဲသေတာပါ ၃ ဦးဒဏ်ရာရထားတယ်"လို့ ပြောပါတယ်။
လက်ရှိအခြေအနေမှာ သေနတ်ဒဏ်ရာရရှိသူ ၂ ဦးကို စစ်တပ်က အထက - ၁ ကျောင်းဝန်းအတွင်း ဖမ်းဆီးထားတဲ့အတွက် ပြန်ထုတ်ပေးဖို့ ရပ်ကွက်နေပြည်သူတွေက တောင်းဆိုနေကြပါတယ်။
အဲ့ဒီဖြိုခွဲမှုဖြစ်စဉ်မှာ သေဆုံးခဲ့သူရဲ့ အချက်အလက်တွေကို အတည်ပြုလို့ မရသေးပါဘူး။
အေးချမ်းသူ(VOM)
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
ရွှေပြည်သာ သပိတ်ကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းလို့ လူ ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး ဖမ်းဆီးခံရသူများပြား
Reviewed by THITHTOOLWIN
on
21:17
Rating:

No comments:
Post a Comment