မြန်မာပြည်သူတွေကို ကုလကူညီဖို့ ဘန်ကောက်ရောက်မြန်မာတွေ ဆန္ဒပြတောင်းဆို

မတ်လ ၄ရက်နေ့ညက UNHCR ရုံးရှေ့မှာမြန်မာအလုပ်သမားတွေ ဆုတောင်းပွဲနဲ့ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ခဲ့ပုံ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ရာနဲ့ချီပြီး ဘန်ကောက်မြို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးရှေ့မှာ စုဝေးခဲ့ကြပါတယ်။ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေ အကြမ်းဖက် နှိမ်နင်းရာက ထိခိုက်သေဆုံးရသူတွေ အတွက်လည်း ဆုတောင်းခဲ့ကြတယ်လို့ လှုပ်ရှားမှုကို ဦးဆောင်သူ တဦးဖြစ်တဲ့ ကိုစိုင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ဒီနေ့လုပ်ရတဲ့ အထိမ်းအမှတ်ကတော့ မြန်မာပြည်မှာကျဆုံးသွားတဲ့သူတွေအတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ် ဆုတောင်းပြီးတော့ ယူအန်အဖွဲ့အစည်းအနေနဲ့အမြန်ဆုံး ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်အကူညီပေးဖို့တောင်းဆိုခဲ့ပါတယ် ကျနော်တို့ပြည်သူတွေ အလကားနေရင်းနဲ့ ထပ်ပြီး အသက်မဆုံးရှုံးအောင်အဓိကရည်ရွယ်ချက်ပေါ့နော် အမြန်ဆုံး Action ယူပေးဖို့ ယူအန်ကို တောင်းဆိုခဲ့ပါတယ်”

လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိမ်နင်းမှုကြောင့် ဗုဒ္ဓဟူးနေ့က လူပေါင်း ၃၈ ယောက်ထက်မနည်း သေဆုံးခဲ့တာကြောင့် အာဏာသိမ်းပြီးနောက် သွေးထွက်သံယို အများဆုံးနေ့ အဖြစ်နဲ့လည်း ကုလသမဂ္ဂက ပြောဆိုထားပါတယ်။ 


မအေးအေးမာ/ VOA Burmese

https://burmese.voanews.com/a/oversea-Myanmar-protests-UNHCR-Thailand-Bangkok-military-coup-/5802674.html

မြန်မာပြည်သူတွေကို ကုလကူညီဖို့ ဘန်ကောက်ရောက်မြန်မာတွေ ဆန္ဒပြတောင်းဆို မြန်မာပြည်သူတွေကို ကုလကူညီဖို့ ဘန်ကောက်ရောက်မြန်မာတွေ ဆန္ဒပြတောင်းဆို Reviewed by THITHTOOLWIN on 10:54 Rating: 5

No comments:

Powered by Blogger.