မူဆယ်မြို့တွင် ဆန္ဒပြ အမျိုးသား တဦး ခေါင်းကျည်ထိ ကျဆုံး


သျှမ်းသံတော်ဆင့်၊ မတ် ၃၀ရက် 

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ယနေ့ (မတ် ၃၀)ရက်တွင်  အကြမ်းဖက်စစ်ကောင်စီ မှ   sinper(စနှိုက်ဘာ)  သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဆန္ဒပြနေသည့် လူတစ်ဦး ခေါင်းကျည်ထိမှန် သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ 

ယနေ့ (မတ် ၃၀)ရက် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ရှိ အမှတ် (၂) အထက်တန်းကျောင်း အနီးတွင် စစ်အာဏာရှင် အလိုမရှိ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် လူထုသပိတ်ကို အကြမ်းဖက် စစ်ကောင်စီက သေနတ်ပစ်ဖောက်ဖြိုခွင်းခဲ့ပြီး၊ sinper (စနှိုက်ဘာ )သေနတ်အသုံးပြုပြီး ပစ်ခတ်ခဲ့သဖြင့် လူငယ်တဦး ၏ ဦးခေါင်း ကို ကျည်ထိမှန်ကာ သေဆုံးခဲ့ကြောင်းသိရသည်။

“ စနှိုက်ဘာ သမားက အရပ်ဝတ်အင်္ကျီနဲ့ ပစ်တာ။ သစ်ပင်တခုကို ကွယ်ပြီး ပစ်တာပါ” ဟု မျက်မြင်တွေ့ရှိသည့် မူဆယ်ဒေသခံ တဦး ကပြောသည်။

အကြမ်းဖက် စစ်ကောင်စီ မှ စနှိုက်ဘာဖြင့် ပစ်သတ်လိုက်သည့် အမျိုးသားတွင် အသက် ၈နှစ်အရွယ်ရှိသားတယောက်နှင့် အသက် (၄)နှစ် အရွယ်ရှိ သမီး တယောက်ရှိကြောင်းသိရသည်။

ယမန်နေ့ (မတ် ၂၉ )ရက်တွင် မူဆယ်မြို့ စစ်အာဏာရှင်ကို ဆန့်ကျင်သည့် လူထုသပိတ် ကို အကြမ်းဖက် စစ်ကောင်စီမှ သေနတ်ပစ်ခတ်ဖြိုခွင်းခဲ့ပြီး လူငယ် အယောက် (၂၀)ကျော် ဖမ်းဆီးသွားခဲ့သည်။

ထိုဖမ်းဆီးမှု ပြုလုပ်ချိန်တွင်လည်း အကြမ်းဖက်စစ်ကောင်စီ က ပြည်သူများကို မီးရှို့သတ်ပစ်မည်ဟု ခြိမ်းခြောက်မှု ပြောဆိုသဖြင့် မူဆယ်လူငယ်များသည် ခရိုင်လဝကရုံးဆိုင်းဘုတ်ကို ဖြုတ်ချပြီး၊ မီးရှို့မှု တန်ပြန်ပြုလုပ်ခဲ့သည်။

မတ် (၂၇)ရက် တပ်မတော်နေ့တွင်လည်း အကြမ်းဖက် စစ်ကောင်စီမှ မူဆယ်မြို့ အသက် (၁၅)နှစ် အရွယ်ရှိ လူငယ်တဦးကို သေနတ်ပစ်သတ်ခဲ့ကြောင်း သိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

မူဆယ်မြို့တွင် ဆန္ဒပြ အမျိုးသား တဦး ခေါင်းကျည်ထိ ကျဆုံး မူဆယ်မြို့တွင် ဆန္ဒပြ အမျိုးသား တဦး ခေါင်းကျည်ထိ ကျဆုံး Reviewed by THITHTOOLWIN on 19:16 Rating: 5

No comments:

Powered by Blogger.