မြောက်ဒဂုံက ပစ်ခတ်ခံရသူ ကိုချစ်မင်းသူရုပ်အလောင်း ဆေးရုံအပို့မှာ လက်နက်ကိုင်တွေ လုယူသွား


ဒီကနေ့ မတ်လ ၁၁ ရက် နေ့လည်ပိုင်းမှာ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ထဲက စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ဖြိုခွင်းခံခဲ့ရတဲ့ ကိုချစ်မင်းသူရဲ့ရုပ်အလောင်းကို လက်နက်ကိုင် အဖွဲ့တွေက လုယူသွားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် သေဆုံးသူရဲ့ ရုပ်အလောင်းကို မိဘတွေအိမ်ရှိရာ မြောက်ဒဂုံက ၄၆ ရပ်ကွက်မှာ ကနဦး ထားရှိခဲ့တာပါ။

ရုပ်အလောင်းကို ရပ်ကွက်ထဲမှာ ထားဖို့ အဆင်မပြေတာကြောင့် ဆေးရုံကို ပရဟိတအဖွဲ့နဲ့ နေရာပြောင်းရွှေ့ပို့ဆောင်ချိန် လမ်းခုလတ်မှာ လက်နက်ကိုင်အဖွဲ့က တားဆီးယူဆောင်သွားတယ်လို့ အိမ်နီးနားချင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဒီကနေ့မှာ မန္တလေးမြို့ မြတောင်သပိတ်က သေဆုံးသူ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးရဲ့ ရုပ်အလောင်းကိုလည်း လက်နက်ကိုင်အဖွဲ့က ယူဆောင်သွားခဲ့ပါတယ်။

နှစ်ဦးစလုံးဟာ ဦးခေါင်းဒါဏ်ရာတွေနဲ့ သေဆုံးခဲ့ကြရသလို မိသားစုဝင်တွေက ရုပ်အလောင်းကို ဘယ်အချိန်ရမယ် မသိတာကြောင့် နာရေးအစီအစဉ်ကို မသတ်မှတ်နိုင်သေးပါဘူး။


MTK Channel

https://www.facebook.com/moethaukkyal.channel/

မြောက်ဒဂုံက ပစ်ခတ်ခံရသူ ကိုချစ်မင်းသူရုပ်အလောင်း ဆေးရုံအပို့မှာ လက်နက်ကိုင်တွေ လုယူသွား မြောက်ဒဂုံက ပစ်ခတ်ခံရသူ ကိုချစ်မင်းသူရုပ်အလောင်း ဆေးရုံအပို့မှာ လက်နက်ကိုင်တွေ လုယူသွား Reviewed by THITHTOOLWIN on 22:10 Rating: 5

No comments:

Powered by Blogger.