သာကေတမှာ အကြမ်းဖက်သမားတွေကြောင့် သေဆုံးဒဏ်ရာရသူတွေရှိ







(၁၃/၃/၂၀၂၁)

မနေ့ညက သာကေတညသပိတ်မှာ ပါတဲ့ လူငယ် (၄) ဦးကို အကြမ်းဖက်သမားတွေက သာကေတ သုမန လမ်းရှိ အိမ်ထဲထိ ဝင်ရောက် ရိုက်နှက်ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံ လူငယ်၄ဦးအား ပြန်လွှတ်ပေးဖို့ ပြည်သူတွေက သာကေတ အမှတ်၁ ရဲစခန်းကိုသွားရောင်တောင်းဆိုစဉ်မှာ ပစ်ခတ်ဖြိုခွဲလို့ အနည်းဆုံး (၁) ယောက် သေဆုံးခဲ့တယ်လို့ မျက်မြင်တွေက အထောက်အထားပုံတွေနဲ့တကွ FB မှာတင်ထားတာတွေ့ရပါတယ်။  အခြေအနေအသေးစိတ်သိဖို့ မြို့ခံတွေက်ု ဆက်သွယ်ပေမဲ့ အခုထိမရသေးပါဘူး။ သာကေတ ရဲစခန်းတွေကို ဖုန်းဆက်သွယ်ရာမှာလည်း လက်ခံဖြေမဲ့သူမရှိပဲ ဖုန်းတွေချသွားပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

သာကေတမှာ အကြမ်းဖက်သမားတွေကြောင့် သေဆုံးဒဏ်ရာရသူတွေရှိ သာကေတမှာ အကြမ်းဖက်သမားတွေကြောင့် သေဆုံးဒဏ်ရာရသူတွေရှိ Reviewed by THITHTOOLWIN on 07:57 Rating: 5

No comments:

Powered by Blogger.