စစ်ခေါင်းဆောင်တွေကို အရေးယူဖို့ သြစတြေးလျအမတ်တွေကို မြန်မာတွေတင်ပြ

စစ်ခေါင်းဆောင်တွေကို အရေးယူဖို့ သြစတြေးလျအမတ်တွေကို မြန်မာတွေတင်ပြ သြစတြေးလျနိုင်ငံရောက် မြန်မာအရေး တက်ကြွလှုပ်ရှားသူ ကိုယ်စားလှယ်အဖွဲ့ကို သြစတေးလျအစိုးရတာဝန်ရှိသူတွေက မတ်လ ၁၆ ရက်နေ့က လက်ခံတွေ့ဆုံခဲ့စဥ်။ Photo: Citizen Journalist

သြစတြေးလျနိုင်ငံရောက် မြန်မာအရေး တက်ကြွလှုပ်ရှားတဲ့ ကိုယ်စားလှယ်အဖွဲ့ကို သြစတေးလျအစိုးရ တာဝန်ရှိသူတွေက မတ်လ ၁၆ ရက်နေ့က မြို့တော်မဲလ်ဘုန်းမှာရှိတဲ့ ပါလီမန်အဆောက်အဦးမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီလို တွေ့ဆုံချိန်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို အသိအမှတ်ပြုဖို့၊ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို ဒဏ်ခတ်ပိတ်ဆို့ဖို့၊ မြန်မာနိုင်ငံကို ကူညီပေးနေတဲ့ ငွေကြေးထောက်ပံ့မှုတွေကို အာဏာဖီဆန်ရေး CDM လူထုလှုပ်ရှားမှုထဲ ထည့်ဝင်ကူညီဖို့၊ သြစတြေးလျရောက် မြန်မာကျောင်းသားတွေကို အခုလို အာဏာသိမ်းထားတဲ့ ကာလမှာ မြန်မာနိုင်ငံကို ပြန်မလွှတ်ဖို့ စတဲ့အချက်တွေ တောင်းဆိုခဲ့တယ်လို့ တွေ့ဆုံပွဲမှာပါဝင်ခဲ့တဲ့ မဧပရယ်က RFA ကိုပြောပါတယ်။

သြစတြေးလျ အစိုးရတာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို မြန်မာအရေး တက်ကြွလှုပ်ရှားသူတွေက တွေ့ဆုံခွင့်ရဖို့ တောင်းဆိုခဲ့တာကြောင့် အခုလိုလက်ခံတွေ့ဆုံခဲ့တာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို သြစတြေးလျ အစိုးရအနေနဲ့ ပြင်းပြင်းထန်ထန် အမြန်ဆုံး အရေးယူပေးဖို့ သြစတေးလျ ရောက်မြန်မာတွေစုဝေးပြီး မြို့တော် မဲလ်ဘုန်းမှာ အင်အားပြ ချီတက်ဆန္ဒပြတာတွေလည်း ရှိနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/australia-parliament-myanmar-03172021170319.html

စစ်ခေါင်းဆောင်တွေကို အရေးယူဖို့ သြစတြေးလျအမတ်တွေကို မြန်မာတွေတင်ပြ  စစ်ခေါင်းဆောင်တွေကို အရေးယူဖို့ သြစတြေးလျအမတ်တွေကို မြန်မာတွေတင်ပြ Reviewed by THITHTOOLWIN on 06:49 Rating: 5

No comments:

Powered by Blogger.