လှိုင်သာယာ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၈ ဦး ရုပ်အလောင်းတွေကို ဆေးရုံကို ပို့ထားပြီး ဆေးရုံ မရောက်သေးတဲ့ အလောင်း ၄ ရှိတဲ့ လို့ သေဆုံးသူတွေကို သူကိုယ်တိုင်မျက်မြင်တွေ့ရှိပြီး ရုပ်အလောင်းတွေကို ဆေးရုံကိုရောက်ဖို့ ကူညီပဆောင်ရွက်ခဲ့သူ တစ်ဦးက မတ်လ ၁၄ ရက်နေ့ ညပိုင်းက ဘီဘီစီကို ပြောပါတယ်၊
ရပ်ကွက်တွေထဲမှာ ဒဏ်ရာရသူ အများအပြားရှိပြီး သူကူညီဆောင်ရွက်ပေးနေတဲ့ ရပ်ကွက် အတွင်းမှာ အနည်းဆုံး ဒဏ်ရာရသူ ၂၀ ဦးကျော်ရှိနေတယ်လို့လည်း သူကပြောပါတယ်။
သေဆုံးသူ အရေအတွက် ဒီထက်များလာနိုင်တယ်လို့လည်း လှိုင်သာယာ ဒေသခံတွေက ခန့်မှန်းကြပါတယ်။
လှိုင်သာယာ ပစ်ခတ်မှုတွေအပြီးမှာ စက်ရုံတချို့ မီးလောင်ခဲ့ပြီးတော့ စနေမ မှတ်တိုင်အနီးက တပ်မတော်ချည်မျှင်နဲ့ အထည်ချုပ်စက်ရုံမှာတော့ စစ်တပ်က လုံခြုံရေး အများအပြားချထားတယ်လို့လည်း လှိုင်သာယာဒေသခံတွေကပြောပါတယ်။
လှိုင်သာယာမြို့နယ်ကို စစ်အုပ်ချုပ်ရေး အပ်နှင်းလိုက်တယ်လို့ ဒီနေ့ မြန်မာရုပ်မြင်သံကြားကကြေညာသွားပါတယ်။
BBC Burmese

No comments:
Post a Comment