ရွေးကောက်ပွဲရလဒ်ကိုပြောင်းဖို့ မြန်မာဆန္ဒပြသူတွေ ရက်ရက်စက်စက်ဖြိုခွဲခံရ - ကန်နိုင်ငံခြားရေးဝန်ကြီး

မတ်လ ၁၆ ရက်နေ့ လှိုင်သာယာဆန္ဒပြပွဲအတွင်း ဖြိုခွင်းခံရတဲ့ မြင်ကွင်း။ (မတ် ၁၆၊ ၂၀၂၁)

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ပေါ်မှာ မိမိတို့ ယုံကြည်ပြီး အာရှဒေသအပါအဝင် နေရာအများအပြားမှာ ဒီစံတန်ဖိုးတွေ ခြိမ်းခြောက်ခံနေရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောရင်း မြန်မာနိုင်ငံအခြေအနေကို ထည့်ပြောသွားပါတယ်။

"မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတစ်ခုရဲ့ ရလဒ်ကို ပြောင်းပြန်လှန်ပစ်ဖို့ ကြိုးစားနေပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ဖြိုခွဲနေတယ်။" လို့ ဝန်ကြီး Antony Blinken က ဒီကနေ့ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့အတူ ဂျပန်နိုင်ငံမှာရောက်နေတဲ့ ဝန်ကြီး Blinken ဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi ၊ ကာကွယ်ရေးဝန်ကြီး Nobuo Kishi တို့နဲ့ ၂+၂ အစည်းအဝေးအပြီး တိုကျိုမြို့တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အဲဒီလိုပြောသွားတာပါ။

ဒါဟာဖြင့် ဝန်ကြီး Blinken နဲ့ ဝန်ကြီး Austin တို့ရဲ့ ပထမဆုံးပြည်ပခရီးစဉ်ဖြစ်ပြီး ဒီခရီးစဉ်ကလည်း အာရှဒေသခရီးစဉ်ဖြစ်နေပါတယ်။

ဂျပန်နိုင်ငံစည်းဝေးပွဲအတွင်း ဒေသတွင်းမှာ တရုတ်နိုင်ငံက သြဇာလွှမ်းမိုးဖို့ ကြိုးစားနေတာနဲ့ ပတ်သက်တာအပါအဝင် တောင်တရုတ်ပင်လယ်အရေး၊ မြောက်ကိုရီးယားအရေးတို့သာမက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း နှစ်နိုင်ငံ အဆင့်မြင့်တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြတာပါ။

ဝန်ကြီးနှစ်ယောက်ဟာ ဂျပန်နိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-army-brutally-repressing-peaceful-protesters/5816343.html

ရွေးကောက်ပွဲရလဒ်ကိုပြောင်းဖို့ မြန်မာဆန္ဒပြသူတွေ ရက်ရက်စက်စက်ဖြိုခွဲခံရ - ကန်နိုင်ငံခြားရေးဝန်ကြီး ရွေးကောက်ပွဲရလဒ်ကိုပြောင်းဖို့ မြန်မာဆန္ဒပြသူတွေ ရက်ရက်စက်စက်ဖြိုခွဲခံရ - ကန်နိုင်ငံခြားရေးဝန်ကြီး Reviewed by THITHTOOLWIN on 23:46 Rating: 5

No comments:

Powered by Blogger.