(မတ်-၁၁)ညပိုင်းက မုံရွာမြို့ ကျောက္ကာလမ်း၊ ရန်ကင်းရပ်ရှိ ဝင်ရောက် ဖျက်ဆီးခံရသော နေအိမ်မှ ဦးအောင်နိုင်နှင့် တွေ့ဆုံခြင်း။




"ဦးတို့မဟုတ်မှန်း သိသိကြီးနဲ့ တမင်သက်သက်ကို ဝင်ရမ်းပြီး ရိုက်သွားတာ။"

ယမန်နေ့(မတ်-၁၁)ညပိုင်းက မုံရွာမြို့ ကျောက္ကာလမ်း၊ ရန်ကင်းရပ်ရှိ  ဝင်ရောက် ဖျက်ဆီးခံရသော နေအိမ်မှ ဦးအောင်နိုင်နှင့် တွေ့ဆုံခြင်း။

MGZ- ဘယ်လိုစပြီး ဖြစ်လဲဆိုတာလေး ပြောပြပေးပါ။

UAN - ဦးတို့မိသားစု သုံးယောက်ထမင်းစားနေတုန်းမှာ လမ်းထိပ်ကအသံကြားရတယ်။သာမာန်ရန်ဖြစ်တယ်ပဲထင်ပြီး တံခါးမပိတ်မိဘူး။စစ်ဝတ်စုံနဲ့ လူသုံးယောက်ကို အပြင်ဘက်မှာ နှစ်ယောက်ကစောင့်တယ်။တယောက်က အပေါက်ဝကနေ သေနတ်နဲ့ချိန်ထားတယ်။တယောက်က အိမ်ထဲထိဝင်ပြီး ရိုက်တယ်။တံခါးပိတ်မလို့လုပ်တုန်းရုတ်တရက်ကြီး အိမ်ရှေ့ရောက်လာပြီး ဦးကိုသေနတ်နဲ့ချိန်ထားတယ်။မပိတ်နဲ့ ပိတ်ရကင်ပစ်မှာလို့ပြောတယ်။ဝင်လာပြီး စားနေတဲ့ပန်းကန်တွေရိုက်ခွဲပြီး အနားရှိတဲ့ ခုံတွေ၊ပန်းအိုးတွေကို အကုန်ရိုက်ခွဲပါတယ်။

"မင်းတို့လိုက်တာငါတို့မဟုတ်ပါဘူး။ငါတို့ထမင်းစားနေတာလည်း မြင်ရဲ့သားနဲ့ မင်းတို့လိုက်တဲ့ဆိုင်ကယ်မဟုတ်ပါဘူး"ဆိုပြီး ရှင်းပြပါနေတာကို ဆဲဆိုပြီးစားနေတဲ့ပန်းကန်တွေ ရိုက်ခွဲသွားပါတယ်။

MGZ - တခြားအိမ်တွေမဝင်ဘဲ အန်ကယ်တို့အိမ်ကိုမှ ဘာကြောင့် အခုလိုဝင်လာတယ်လို့ ထင်လဲ။

UAN- လမ်းထိပ်ကနေ ဆိုင်ကယ်သမားနဲ့ပြဿနာတခုခုဖြစ်လာပုံရတယ်။ ဆိုင်ကယ်သမားက ဦးတို့လမ်းထဲဝင်လာတော့ သူတို့ကနောက်ကနေပြေးလိုက်ရင်း တံခါးပိတ်မယ်လုပ်တုန်း အတင်းဝင်လာပြီး တန်းရိုက်တာပါပဲ။လမ်းတွေပိတ်တာလည်း မကြိုက်၊အမှိုက်ပုံတာတွေလည်း ကြိုက်ပုံမရဘူး။ဦးတို့မဟုတ်မှန်း သိသိကြီးနဲ့ တမင်သက်သက်ကို ဝင်ရမ်းပြီးရိုက်သွားတာ။

MGZ - ဝင်လာပြီးနောက် အန်ကယ်တို့ကို ဘယ်လိုဆက်ဆံလဲ။

UAN- အဆဲအဆိုတွေရောပြောပြီး တော်တော်ကို မိုက်မိုက်ရိုင်းရိုင်းဆက်ဆံပါတယ်။တွေ့သမျှအကုန်ရိုက်တာ။အမျိုးသမီးကို ရိုက်မယ်လုပ်တော့ ဦးက ရှေ့ကနေဝင်ပြီး လက်အုပ်ချီပြီး အတင်းတောင်းပန်ပါတယ်။နောက်ကစစ်သားက သူတို့လူကို "သူတို့နဲ့မဆိုင်ပါဘူး။လာပါကွာ"ဆိုပြီး အတင်းဝင် ခေါ်သွားတယ်။အဲဒါကြောင့်မို့ လူမထိခိုက်တာပါ။

MGZ - အန်ကယ်တို့ကိုရော ဘာတွေပြောသွားသေးလဲ။

UAN - ပြောတာတော့ လမ်းထိပ်ကို အမှိုက်ပုံတာ၊လမ်းတွေတားတာတွေက မင်းတို့လုပ်တာ၊မင်းတို့ပစ်တာဆိုပြီး ပြောတယ်။ဆဲလည်းဆဲတယ်။

MGZ- အခုဖြစ်စဥ်နဲ့ပတ်သတ်ပြီး ဘာဆက်လုပ်သွားဖို့ရှိလဲ။

UAN- အိမ်ထဲထိတောင် ကျူးကျော်ပြီးလုပ်တာဆိုတော့ မကျေနပ်တာရော၊ခံပြင်းတာရောပေါ့။သေနတ်ကြောက်တော့ လုပ်သမျှခံရတာပေါ့။


MonywaGazette

https://www.facebook.com/monywagazette

(မတ်-၁၁)ညပိုင်းက မုံရွာမြို့ ကျောက္ကာလမ်း၊ ရန်ကင်းရပ်ရှိ ဝင်ရောက် ဖျက်ဆီးခံရသော နေအိမ်မှ ဦးအောင်နိုင်နှင့် တွေ့ဆုံခြင်း။ (မတ်-၁၁)ညပိုင်းက မုံရွာမြို့ ကျောက္ကာလမ်း၊ ရန်ကင်းရပ်ရှိ  ဝင်ရောက် ဖျက်ဆီးခံရသော နေအိမ်မှ ဦးအောင်နိုင်နှင့် တွေ့ဆုံခြင်း။ Reviewed by THITHTOOLWIN on 18:38 Rating: 5

No comments:

Powered by Blogger.