ကလေးမြို့ ပစ်ခတ်ဖြိုခွင်းမှုက ဒဏ်ရာရသူတစ်ဦး ကွယ်လွန်

Kalay FBCopyright: Kalay FB

Kalay FBCopyright: Kalay FB

ကလေးမြို့မှာ မတ်လ ၂ ရက်နေ့ မနက်က စစ်အာဏာရှင်တော်လှန်ရေးသပိတ် စစ်ကြောင်းကို စစ်တပ်နဲ့ ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ဒဏ်ရာ ရှိခဲ့သူတွေထဲက အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး မတ်လ ၃ ရက်နေ့ ကသေဆုံးသွားကြောင်း ကလေးမြို့ခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သေဆုံးသွားသူဟာ ဒဏ်ရာရ ရှိခဲ့သူ ၅ ဦးအနက် တစ်ဦးဖြစ်ပြီး မောင်ဇင်မျိုးမောင် ဖြစ်ကြောင်းလည်း သူကပြောပါတယ်။

သေဆုံးသူကို မနက်ဖြန် မတ်လ ၅ ရက်နေ့ မှာ သင်္ဂြိုဟ်မှာဖြစ်တယ်လို့လည်း မြို့ခံတွေကပြောပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာ မတ်လ ၂ ရက်နေ့က စပြီးကျင့်ထုံးပုဒ်မ ၁၃၀ အရ ရဲတပ်ဖွဲ့က စစ်တပ်ကို လွှဲပြောင်းပြီး စစ်အင်အားဖြင့်လူစုခွဲမယ်လို့ ကြေညာထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

ကလေးမြို့ ပစ်ခတ်ဖြိုခွင်းမှုက ဒဏ်ရာရသူတစ်ဦး ကွယ်လွန်  ကလေးမြို့ ပစ်ခတ်ဖြိုခွင်းမှုက ဒဏ်ရာရသူတစ်ဦး ကွယ်လွန် Reviewed by THITHTOOLWIN on 21:03 Rating: 5

No comments:

Powered by Blogger.