မတ်၂၀-၂၀၂၁
ပဲခူးမြို့နယ်မှာ ဒီနေ့ မတ် ၂၀ရက် ညနေ ၄ နာရီလောက်က စတင်ပြီး စစ်တပ်နဲ့ရဲက ဆံတော်တွင်း ရပ်ကွက်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ၂ဦး သေဆုံးပြီး ၄ ဦးလောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“နှစ်ဦးသေနတ်ထိမှန်ကျဆုံးတယ်။အဓိက ပစ်ခတ်မှုက ဆံတော်တွင်းရပ်ကွက်မှာပါ ။ ထိခိုက်ဒဏ်ရာရသူ လေးဦး ဆိုပေမယ့် များနိုင်တယ် “လို့ ပဲခူးမြို့ခံပရဟိတအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။
ဖမ်းဆီးခံရသူလည်း ၆ ဦး လောက်ရှိတယ်လို့ သိရပါတယ်။
စစ်တပ်က ပစ်ခတ်မှုတွေလုပ်ချိန်မှာ ဆန္ဒပြပွဲတွေ ရှိမနေဘဲ အကြောင်းမဲ့ ပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပြီး ဒဏ်ရာရသူ ၁၁ ဦးအထိရှိတယ်လို့ သတင်းတွေထွက်ပေမယ့် အတည်မပြုနိုင်သေးပါဘူး။
KLY(VOM)
Voice of Myanmar
ပဲခူး ပစ်ခတ်မှု ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ
Reviewed by THITHTOOLWIN
on
23:20
Rating:

No comments:
Post a Comment