ဆန္ဒပြမယ့်သူတွေ ဦးခေါင်းကို ပစ်သတ်ခံရနိုင်ကြောင်း စစ်ကောင်စီ သတိပေး

ဆန္ဒပြမယ့်သူတွေ ဦးခေါင်းကို ပစ်သတ်ခံရနိုင်ကြောင်း စစ်ကောင်စီ သတိပေး အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ MRTV ရုပ်သံက ထုတ်လွှင့်တဲ့ ခြိမ်းခြောက်သတိပေး ထုတ်ပြန်စာ။

Photo: Handout/AFP


စစ်တပ်ကို ဆန့်ကျင် ဆန္ဒပြနေသူ လူငယ်တွေအနေနဲ့ ဦးခေါင်းကို ပစ်သတ်ခံရနိုင်ဖွယ်ရှိတယ်လို့ အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ MRTV ရုပ်သံကနေ ခြိမ်းခြောက်သတိပေးလိုက်ပါတယ်။

မတ်လ ၂၇ ရက်နေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြဖို့ လှုံ့ဆော်မှုတွေရှိနေချိန်မှာ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ MRTV က အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။

မနေ့ည ၈ နာရီ သတင်းမတိုင်ခင် ထုတ်လွှင့်တဲ့ "ကယ်တင်ဖို့ရာ တားဆီးပါ" ဆိုတဲ့ ထုတ်ပြန်ချက်မှာ "နောက်စေ့နဲ့ နောက်ကျောကို ဖောက်မယ့် အန္တရာယ်ရှိနေတယ်ဆိုတာ ရှေ့က မရှုမလှသေခဲ့ရတာ သင်ခန်းစာယူဖို့လိုတယ်" ဆိုပြီး ခြိမ်းခြောက်ထားတဲ့ သတိပေးစာကို ထည့်သွင်းဖော်ပြထားပါတယ်။

"လူငယ်တချို့ဟာ နယ်ချဲ့ လက်ပါးစေရဲ့ သွေးဆောင်ဖြားယောင်းမှုကို နားထောင်ပြီး တိုင်းပြည်ဖျက်စီးမယ့် စီမံကိန်းအရ ဆူပူဆန့်ကျင်ရမယ့် သူတို့လှုပ်ရှားမှုမှာ ဂိမ်းကစားသလို ထင်မှတ်ကာ ပါဝင်လိုကြတယ်၊ သတိထားပါလေ"လို့လည်း ရေးသားထားပါတယ်။

RFA က စိစစ်အတည်ပြုထားတဲ့ အမည်စာရင်းအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစပြီး ဒီနေ့အထိ သေဆုံးသူ ၂၇၀ ရှိသွားပြီဖြစ်ပြီး အလောင်းပြန်မရတာ၊ အမည်မသိ အတည်မပြုနိုင်သေးတဲ့သေစာရင်းက ၃၀၀ ကျော်ပါပြီ။

စစ်တပ်နဲ့ ရဲရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးရသူ ၂၅ ရာခိုင်နှုန်းလောက်ဟာ ခေါင်းကို ကျည်ဆံထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/military-threaten-youth-via-mrtv-03262021154950.html

ဆန္ဒပြမယ့်သူတွေ ဦးခေါင်းကို ပစ်သတ်ခံရနိုင်ကြောင်း စစ်ကောင်စီ သတိပေး  ဆန္ဒပြမယ့်သူတွေ ဦးခေါင်းကို ပစ်သတ်ခံရနိုင်ကြောင်း စစ်ကောင်စီ သတိပေး Reviewed by THITHTOOLWIN on 16:55 Rating: 5

No comments:

Powered by Blogger.