မုံရွာတွင် အမှိုက်ပစ်နေသူတစ်ဦး ရိုက်နှက် ဖမ်းခေါ်

မုံရွာ၊မတ်-၂၄

မုံရွာမြို့  မြဝတီရပ် ကျောက္ကာလမ်းနှင့် မေတ္တာလမ်း (ခိုင်မာလမ်းကြား)အနီးတွင် ယနေ့ညနေ ၆နာရီကျော်က  အမျိုးသားတစ်ဦးကို ရဲနှင့်စစ်တပ်မှ ရိုက်နှက်ခေါ်သွားကြောင်း မျက်မြင်တွေ့လိုက်ရသူများက ပြောသည်။

"လမ်းပေါ်ကအမှိုက်ပုံးနားမှာသူကရှိတာ။အမှိုက်ပစ်နေတာတွေ့တယ်။ခပ်ဝဝနဲ့ အသက်၄၀လောက်ရှိမယ်ထင်တယ်။သူ့ကို လမ်းပေါ်အတားအဆီးဖြစ်အောင် အမှိုက်ပစ်တယ်ထင်ပြီးခေါ်တာနေမှာ။ဝိုင်းရိုက်ပြီး ရဲကားနဲ့ခေါ်သွားတာ" ဟု ၎င်းအနီးနေအိမ်ပိုင်ရှင်တစ်ဦးကပြောသည်။

ကျောက္ကာလမ်းမကြီးနှင့် အောင်မဟာလမ်း(အာဇာနည်လမ်း)အတွင်း မြတီရပ်ကွက် မေတ္တာလမ်း၊ သစ္စာလမ်းတို့တွင် ယနေ့ညနေက ရဲနှင့်စစ်တပ်အလုံးအရင်းချထားသည်။

ယမန့်နေ့ည (မတ်-၂၃)က သစ္စာလမ်းအတွင်း သဲအိတ်အတားအဆီးများအားရှင်းစဉ် ရပ်ကွက်နေသူများက မီးပန်းဗြောက်များဖောက်၍ တားဆီးရာ နှစ်ဘက်ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ခဲ့သည်။

ယနေ့ညနေတွင် ရဲနှင့်စစ်တပ် အလုံးအရင်းမှ လက်နက်များဖြင့် မေတ္တာ၊သစ္စာတို့လမ်းအတွင်း အသင့်ချိန်ထားခြင်းများရှိကြောင်း ရပ်ကွက်နေသူများက ပြောသည်။


Monywa Gazette

https://www.facebook.com/monywagazette/

မုံရွာတွင် အမှိုက်ပစ်နေသူတစ်ဦး ရိုက်နှက် ဖမ်းခေါ် မုံရွာတွင် အမှိုက်ပစ်နေသူတစ်ဦး ရိုက်နှက် ဖမ်းခေါ် Reviewed by THITHTOOLWIN on 21:57 Rating: 5

No comments:

Powered by Blogger.