ဗြိတိန်နိုင်ငံသားတွေ မြန်မာနိုင်ငံကနေထွက်ဖို့ ဗြိတိန်နိုင်ငံခြားရေးတိုက်တွန်း

ရန်ကုန်မြို့ ဆူးလေးအနီး စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့ ဆန္ဒပြ မြင်ကွင်း။

ဗြိတိန်နိုင်ငံသားတွေ မြန်မာပြည်တွင်းက ထွက်ခွာကြဖို့နဲ့ ထွက်ခွာဖို့အခြေအနေမပေးရင်လည်း အိမ်ထဲမှာပဲ နေကြဖို့ ဗြိတိန်အစိုးရက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။ ဒါဟာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့အစိုးရအဖွဲ့ကို ဖယ်ရှားလိုက်ချိန်ကစလို့ မြန်မာပြည်တွင်း အကြမ်းဖက်မှုတွေ ပိုကြမ်းလာတာကြောင့်ဖြစ်တယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။

ကန့်ကွက်ဆန္ဒပြသူ ၁၂ ယောက်ကို စစ်တပ်နဲ့ရဲက သတ်ဖြတ်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ တခုကပြောခဲ့သလို ဒေါ်အောင်ဆန်းစုကြည် အဂတိလိုက်စားတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ ရယ်စရာကောင်းတယ်လို့ သူ့ရဲ့ရှေ့နေက ပြောခဲ့အပြီး နောက်တစ်ရက်မှာပဲ ဗြိတိန်အစိုးရဘက်က အခုလို တိုက်တွန်းချက်ထွက်ပေါ်လာတာပါ။

“ဗြိတိန်နိုင်ငံသားတွေအနေနဲ့ အရေးတကြီးကိစ္စတွေမရှိရင် တိုင်းပြည်ထဲက ရရာခရီးစဉ်နဲ့ ချက်ချင်းထွက်ကြဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ တိုက်တွန်းကြောင်း” ဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

“စစ်ဘက်က အာဏာသိမ်းလိုက်ပြီးကတည်းက နိုင်ငံရေးအရ တင်းမာမှုတွေနဲ့ ပြည်တွင်းမငြိမ်မသက်မှု ကြီးမားကျယ်ပြန့်လာနေပြီး အကြမ်းဖက်မှုအခြေအနေဟာလည်း ပိုဆိုးလာနေပါတယ်” လို့လည်း ဖော်ပြပါရှိပါတယ်။

ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွဲတဲ့အပေါ် ဗြိတိန်နိုင်ငံက ပြစ်တင်ရှုတ်ချထားပြီး မြန်မာ့အာဏာသိမ်း စစ်ဘက်ခေါင်းဆောင်တွေကို နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ချမှတ်သွားမယ့်အကြောင်း ဒီသီတင်းပတ်အစောပိုင်းမှာ ပြောထားပါတယ။်


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/britain-urges-citizens-to-leave-myanmar-over-rising-violence/5811813.html

ဗြိတိန်နိုင်ငံသားတွေ မြန်မာနိုင်ငံကနေထွက်ဖို့ ဗြိတိန်နိုင်ငံခြားရေးတိုက်တွန်း ဗြိတိန်နိုင်ငံသားတွေ မြန်မာနိုင်ငံကနေထွက်ဖို့ ဗြိတိန်နိုင်ငံခြားရေးတိုက်တွန်း Reviewed by THITHTOOLWIN on 20:43 Rating: 5

No comments:

Powered by Blogger.