မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် သပိတ်စခန်း ဖြိုခွင်းရာတွင် (၂)ဦးကျည်ထိ (၁)ဦးကျဆုံး

မတ်၊၃၀ 

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိ စစ်ကောင်စီမှ သပိတ်စခန်းဖြိုခွင်းရာတွင် ဆန္ဒထုတ်ဖော်သူ တစ်ဦးသေဆုံးကြောင်း သိရသည်။ 

" ရမ်ပူလမ်းသွယ် (၂၄)လမ်းကြားက ဘုန်းကြီးကျောင်းမှာ အလောင်းထားတာ ဟုတ်တယ်။ အဲ့ဒီမှာရဲတွေစစ်သားတွေရှိတယ်။ဆိုင်ကယ်လာရင် ဆိုင်ကယ်ကိုပစ်မယ်။ အဲ့ဒီလိုပြောလို့ သတင်းက မတက်တာဟုတ်တယ်”ဟု ဆန္ဒထုတ်ဖော်သည့်နေရာတွင် ပါဝင်သူတစ်ဦးကပြောသည်။ 

စစ်ကောင်စီမှ ကျည်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် (၂)ဦးဒဏ်ရာရခဲ့ပြီး (၁)ဦးသေဆုံးခဲ့ကာ ဒဏ်ရာရသူ၏ အခြေအနေမှာ စိုးရိမ်ရကြောင်း သိရသည်။ 

ရမ်ပူရပ်ကွက်ရှိ သပိတ်စခန်းကိုယနေ့ နံနက်က ပြန်လည်ဖြိုခွင်းခဲ့ဖြင်း ဖြစ်သည်။


Myitkyina News Journal

https://www.facebook.com/myitkyinanewsjournal.mm/

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် သပိတ်စခန်း ဖြိုခွင်းရာတွင် (၂)ဦးကျည်ထိ (၁)ဦးကျဆုံး မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် သပိတ်စခန်း ဖြိုခွင်းရာတွင်  (၂)ဦးကျည်ထိ (၁)ဦးကျဆုံး Reviewed by THITHTOOLWIN on 18:52 Rating: 5

No comments:

Powered by Blogger.