ရွှေဘိုမြို့ ပစ်ခတ်မှု နေအိမ်အနီးစက်ဘီးစီးနေသော ကလေးငယ် အပါအဝင် သုံးဦးသေဆုံး






မုံရွာ၊မတ်-၂၇

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့လယ်ရှိ လမ်းလေးခွဆုံတွင်ယနေ့(မတ်-၂၇)စစ်တပ်နှင့်ရဲက ဆန္ဒပြလူအုပ်သို့  ပစ်ခတ်ရာ သုံးဦးသေဆုံးကြောင်း သတင်းရရှိသည်။

ပစ်ခတ်မှုကြောင့် ကျဆုံးသူတစ်ဦးမှာ ရွှေဘိုမြို့ ၊အမှတ် (၇)ရပ်ကွက်နေ ကိုကောင်းကောင်း( ၁၉နှစ်) ဖြစ်ပြီး မေးစေ့ကျည်ထိမှန်သဖြင့် ကျဆုံးခြင်းဖြစ်သည်။

နောက်တစ်ဦးမှာ ညောင်ပင်သာကျေးရွာမှ  ကျန်းမာရေးဝန်ထမ်း ကိုဇင်ထွန်း (၂၁နှစ်) ဖြစ်ပြီး ရွှေဘိုပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းဖြစ်သည်။ ခေါင်းထိရာမှ ပါးစပ်ပွင့်ပြီး ကျဆုံးခြင်းဖြစ်သည်။ 

နောက်တစ်ဦးမှာ အမှတ် (၉)ရပ်ကွက်မှ အသက် (၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦးဖြစ်ပြီး နေအိမ်အနီး စက်ဘီးစီးနေစဥ် ဝမ်းဗိုက်ထိမှန် သေဆုံးခဲ့သည်။

" နေ့လည် ၁၁ခွဲလောက်မှာ လမ်းလေးခွမီးပွိုင့်မှာ စပစ်တယ်အရှေ့ထွက်ပေါက်တွေကိုလည်း ပိတ်ထားပြီး မီးရှို့တယ်။ပြေးတဲ့အချိန်မှာ လိုက်ပစ်ကြတာပါ။ " ဟု မြို့ခံတစ်ဦးက ပြောသည်။

ရွှေဘိုမြို့လယ်ရှိ လမ်းလေးခွဆုံတွင် လူငယ်များဆန္ဒပြပွဲပြုလုပ်နေစဥ် ဖြိုခွင်းခဲ့ခြင်းကြောင့် ဒဏ်ရာရရှိသူ ၁၀ဦးခန့်ရှိသည်။


Monywa Gazette

https://www.facebook.com/monywagazette

ရွှေဘိုမြို့ ပစ်ခတ်မှု နေအိမ်အနီးစက်ဘီးစီးနေသော ကလေးငယ် အပါအဝင် သုံးဦးသေဆုံး ရွှေဘိုမြို့ ပစ်ခတ်မှု နေအိမ်အနီးစက်ဘီးစီးနေသော ကလေးငယ် အပါအဝင် သုံးဦးသေဆုံး Reviewed by THITHTOOLWIN on 21:44 Rating: 5

No comments:

Powered by Blogger.