မြင်းခြံမှာ ခရီးသည်တင်ကား ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး



(၂၉/၃/၂၀၂၁)

မြင်းခြံမြို့၊ လမ်းသစ်တွင် ခရီးသည်တင်ကားတစ်စီးကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်လို့  ခရီးသည် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

မန္တလေးမြို့မှ ပခုက္ကူမြို့နယ်ကို ထွက်ခွာလာသော ခရီးသည်တင် Hijet ကား အပစ်ခံရခြင်း ဖြစ်ပြီး ရှေ့ခန်းတွင်လိုက်ပါလာသူသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတွေကပြောသည်။

အဆိုပါယာဉ်တွင် ခရီးသည် ၁၀ ဦးခန့် လိုက်ပါလာပြီး ယာဉ်မောင်းဖြစ်သူမှာလည်း လက်မောင်း ကျည်ထိဒဏ်ရာရရှိခဲ့သည်။ 

စစ်တပ်မှ ပစ်သည်ဟု မပြောရန် ခြိမ်းခြောက်အကျပ်ကိုင်နေသည်ဟု ခရီးသည်တဦးကပြောသည်။


Burma News Network

https://www.facebook.com/burmanewsnetwork

မြင်းခြံမှာ ခရီးသည်တင်ကား ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး မြင်းခြံမှာ ခရီးသည်တင်ကား ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 21:05 Rating: 5

No comments:

Powered by Blogger.