စစ်ကောင်စီကို ဆန့်ကျင်ကြဖို့ နိုင်ငံတကာကို ကုလအထူးကိုယ်စားလှယ်တိုက်တွန်း



မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းပြီး ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းနေတဲ့ မြန်မာစစ်တပ်အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ တညီတညွတ်တည်း ဆန့်ကျင်ကန့်ကွက်ကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းရေးမှူး တွမ် အန်ဒရူးစ်က တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ တရားမဝင်အာဏာသိမ်းယူထားသူတွေရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေ၊ အကြမ်းဖက်ဖြိုခွင်းမှုတွေဟာ အင်မတန်စိတ်ထိခိုက်ဖို့ကောင်းတယ်၊ အာဏာသိမ်းစစ်ခေါင်းဆောင်တွေ ပြစ်ဒဏ်ကနေ ကင်းလွတ်နေတာတွေကို ဖယ်ရှားရမယ်လို့ မစ္စတာ တွမ်အန်ဒရူးက ဂျနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ပြောဆိုခဲ့ပါတယ်။

ဆန္ဒပြသမားတွေအပေါ် အာဏာပိုင်တွေဘက်က အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ ကိုင်တွယ်ဆောင်ရွက်နေပါတယ်လို့ ကြာသပတေးနေ့က လူ့အခွင့်အရေးကောင်စီကို တင်ပြခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးရဲ့ ပြောဆိုချက်ဟာ ကျိုးကြောင်းဆီလျော်မှု မရှိဘူးဆိုပြီး မစ္စတာ အန်ဒရူးက ပယ်ချခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

စစ်ကောင်စီကို ဆန့်ကျင်ကြဖို့ နိုင်ငံတကာကို ကုလအထူးကိုယ်စားလှယ်တိုက်တွန်း  စစ်ကောင်စီကို ဆန့်ကျင်ကြဖို့ နိုင်ငံတကာကို ကုလအထူးကိုယ်စားလှယ်တိုက်တွန်း Reviewed by THITHTOOLWIN on 07:46 Rating: 5

No comments:

Powered by Blogger.