မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး မခင်မျိုးချစ် (၇ နှစ်) ရုပ်အလောင်း / Photo: RFA

မန္တလေးမြို့ အောင်ပင်လယ်ရပ်ကွက်မှာ စစ်တပ်နဲ့ ရဲတွေ ဒီကနေ့ နေအိမ်ထဲဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အငယ် ၇ နှစ်ကလေးငယ်တစ်ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပါတယ်။

ဖခင်ဖြစ်သူ ရင်ခွင်ပိုက်ချီထားတဲ့ မခင်မျိုးချစ် (၇ နှစ်)ဟာ ဗိုက်ကိုသေနတ်ကျည်ဆံထိမှန်ပြီး သူ့လက်ထဲ မှာတင် သေဆုံးသွားတာလို့ ဖခင်ဖြစ်သူက RFA ကိုပြောပါတယ်။

သေဆုံးသွားတဲ့ မခင်မျိုးချစ် (၇ နှစ်) ဟာ မောင်နှမ ၈ ယောက်အနက် အငယ်ဆုံးဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပစ်ခတ်ခံရလို့ သေဆုံးသူတွေထဲမှာ မခင်မျိုးချစ် (၇ နှစ်)ဟာ အငယ်ဆုံး ဖြစ်ပါတယ်။

မန္တလေးမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်လို့ မတ် ၂၃ ရက် ဒီနေ့သေဆုံးသူ စုစုပေါင်း ၅ ဦးရှိခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/mandalay-7years-old-girl-dead-myanmar-military-coup-03232021095723.html

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး  မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး Reviewed by THITHTOOLWIN on 21:51 Rating: 5

No comments:

Powered by Blogger.