မတ်လ ၁၉ ရက် ၂၀၂၁ခုနှစ်။ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီခရိုင် ဇရပ်ဖြူကုန်းကျေးရွာတွင် ယနေ့ မတ်လ ၁၉ ရက် ညဦးပိုင်းက ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး လူ ထိခိုက်သေဆုံးမှုများ ရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံတစ်ဦးက"
ယနေ့ ညဦးပိုင်းက ဇရပ်ဖြူကုန်းကျောင်းဓမ္မာရုံမှာ ကျေးရွာတာဝန်ခံလူကြီးရွေးဖို့ အစည်းအဝေးပြုလုပ်နေစဉ် ဘယ်အဖွဲ့ကမှန်း မသိတဲ့ လူတစ်စုက လက်နက်ငယ် ၃ လက်ခန့်ဖြင့် အတွဲလိုက် လာဝိုင်းပြီးပစ်တာ ထိခိုက်သေဆုံးမှုတွေရှိတယ်၊ ဘယ်သူမှ သွားမဆွဲရဲသေးဘူး " ဟု ဆိုသည်။
ယနေ့ည ၁၀ နာရီထိ နောက်ဆုံးသတင်းအရ ယင်းပစ်ခတ်မှုဖြစ်စဉ်တွင် သေဆုံးသူ ၂ ဦး ရှိပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကြောင်း သိရသည်။
အဆိုပါ ဇရပ်ဖြူကုန်းကျေးရွာအနီးတွင် ဌာနေတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ လှုပ်ရှားရာ နယ်မြေလည်းဖြစ်သည်။
KIC - ကရင်သတင်းစဉ်
မြဝတီခရိုင် ဇရပ်ဖြူကုန်းကျေးရွာတွင် ပစ်ခတ်မှုဖြစ်ပွား၊ လူ ထိခိုက်သေဆုံးမှုများရှိဟုသိရ။
Reviewed by THITHTOOLWIN
on
22:47
Rating:

No comments:
Post a Comment