ဆားကျင်းသုသာန်မှာ မျက်ရည်ပင်လယ်ဝေတဲ့နေ့










မုံရွာဂေဇက်

မုံရွာ၊မတ်-၄

မုံရွာနွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သူ ၅ ဦး၏ ဈာပနာကို ယနေ့ မွန်းလွဲပိုင်းက  ဆားကျင်းသုသာန်(ခ)မြို့မသုသာန်တွင် ပြုလုပ်သည်။

သုသာန်သို့သွားရာ လမ်းတလျောက် ပြည်သူ သောင်းချီမှ မျက်ရည်များဖြင့် နှုတ်ဆက်ကြသည်။

ယနေ့ မြို့မသုသာန်သို့သဂြိုလ်သူများမှာ ဆရာမဒေါ်မြင့်မြင့်ဇင်၊ကိုမိုးအောင်၊ဖိုးသဲ(ခ)မင်းခန့်ကျော်၊ ဦးနိုင်ဝင်း၊ကဗျာဆရာ ကေဇဝင်း (ခ)ကိုချမ်းသာဆွေ တို့ (၅)ဦး ဖြစ်သည်။

မောင်ဇော်သိန်းအောင်၊ ကိုဝေယံ(ခ)ကံချွန်၊ မကျော့နန္ဒအောင်တို့ကို မနက်ဖြန် မတ်လ (၅)ရက်နေ့တွင် သဂြိုလ်မည် ဖြစ်သည်။


Monywa Gazette

https://www.facebook.com/monywagazette

ဆားကျင်းသုသာန်မှာ မျက်ရည်ပင်လယ်ဝေတဲ့နေ့ ဆားကျင်းသုသာန်မှာ မျက်ရည်ပင်လယ်ဝေတဲ့နေ့ Reviewed by THITHTOOLWIN on 21:22 Rating: 5

No comments:

Powered by Blogger.