မုံရွာ ရဲတိုက်တန်းမှ ဝက်အူချောင်းဆိုင်ရှင်လင်မယား ၅၀၅ က ဖြင့်အမှုဖွင့်ထား


မုံရွာ၊မတ်-၂၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဘူတာလမ်း မြို့မရဲစခန်းရဲတိုက်တန်းတွင် ဖွင့်ထားသော ရေဦးဝက်အူချောင်းဆိုင်ပိုင်ရှင် လင်မယားကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့်အမှုဖွင့်ထားကြောင်း ကာယကံရှင်က ပြောသည်။

ရဲစခန်းတိုက်တန်းတွင် ဖွင့်ထားသော၎င်းဆိုင်သည် ရွေးကောက်ပွဲကာလက NLD အလံများတစ်​ဆိုင်လုံးချိတ်ထားပြီး လက်ရှိတွင်လည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်လုံးပေါ်ပုံကိုဆိုင်ရှေ့တွင် ထောင်ထားသည်။

မတ်လ-၂၇ရက် နံနက်က ဆိုင်အတွင်း ရဲများဝင်ရောက်ရှာဖွေပြီး ဆိုင်ရှင်ဇနီး မနန္ဒာဆွေကိုဖမ်းဆီးကာ အမှုဖွင့်ခဲ့သည်။

"လာဖမ်းတဲ့နေ့က ကျွန်တော်ကမရှိတော့ပါမသွားဘူး၊ အခု ကျွန်တော့်ပါ ဖွင့်ထားတယ်လို့ ရှေ့နေများကွန်ရက်ကနေသိရပါတယ်။ဆိုင်က ကလေးတွေ ရဲစခန်းသွားတွေ့တော့ ဆိုင်ကိုရွှေ့ပေးပါဆိုလို့ ဒီနေ့ပြောင်းနေပြီ။အမေစုပုံကိုဆိုင်ရှေ့ထောင်ထားတော့ စခန်းအဝင်အထွက် သူတို့ကကြည့်ကြည့်သွားကြတယ်" ဟု ဆိုင်ရှင် ကိုထူးက ပြောသည်။



Monywa Gazette

https://www.facebook.com/monywagazette/

မုံရွာ ရဲတိုက်တန်းမှ ဝက်အူချောင်းဆိုင်ရှင်လင်မယား ၅၀၅ က ဖြင့်အမှုဖွင့်ထား မုံရွာ ရဲတိုက်တန်းမှ ဝက်အူချောင်းဆိုင်ရှင်လင်မယား ၅၀၅ က ဖြင့်အမှုဖွင့်ထား Reviewed by THITHTOOLWIN on 04:46 Rating: 5

No comments:

Powered by Blogger.