ရွှေဝါရောင်ဆရာတော် ဦးပဉ္ဇင်း ပုရစ် ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲခံရ

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ ရဟန်းတစ်ပါးဖြစ်တဲ့ ဆရာတော် ဦးစန္ဒာသီရိ ခေါ် ဦးပဉ္ဇင်း ပုရစ်၊ ဆရာတော်နဲ့အတူ အဖမ်းခံခဲ့ရတဲ့ ဦးလှမိုးတို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅၀ (က) နဲ့ အာဏာသိမ်းစစ်ကောင်စီကတရားစွဲလိုက်ပါတယ်။

CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့အတွက် လှုံ့ဆော်ခဲ့မှု၊ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို သပိတ်မှောက်ပြီး ပတ္တနိကုဇ္ဇနကံဆောင်သပိတ်ဆောင်ရွက်ကြဖို့ ကြိုးပမ်းမှု နဲ့ ရန်ကုန်မြို့တွင်း ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့မှုတွေကြောင့် အခုလို တရားစွဲတာ ဖြစ်တယ်လို့စစ်ကောင်စီရဲ့ သတင်းမီဒီယာကနေ ည ၈ နာရီမှာ ကြေညာသွားပါတယ်။

ဦးပဉ္ဇင်း ပုရစ် နဲ့ ဦးလှမိုးတို့ဟာ မတ်လ ၁၃ ရက်နေ့က ရန်ကုန်မြို့မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရွှေဝါရောင်ဆရာတော်ကတော့ အာဏာရှင်စနစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြဖို့၊ အစိုးရဝန်ထမ်းတွေအားလုံး CDM လှုပ်ရှားမှုမှာ ပါဝင်ကြဖို့ လိုတယ်လို့ သူ့အဖမ်းမခံရသေးခင်မှာ မိန့်ကြားထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

ရွှေဝါရောင်ဆရာတော် ဦးပဉ္ဇင်း ပုရစ် ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲခံရ  ရွှေဝါရောင်ဆရာတော် ဦးပဉ္ဇင်း ပုရစ် ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲခံရ Reviewed by THITHTOOLWIN on 21:55 Rating: 5

No comments:

Powered by Blogger.