တာမွေ မှာ စစ်ကောင်စီတပ်တွေ ပစ်ခတ် ဖမ်းဆီးမှုတွေလုပ်

တာမွေ အဝိုင်းထိပ် မတ်လ ၁၈ ရက် အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ဆန္ဒပြသူများ

တာမွေ အဝိုင်းထိပ်နဲ့ ကျောတ်မြောင်း သတိပဌာန်လမ်းမှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့က အတားအဆီးတွေကို မတ်လ ၁၈ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့သလို သတိပဌာန်လမ်း သပိတ်စစ်ကြောင်းကို ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

စစ်တပ်နဲ့ ရဲက ကျည်အစစ်၊ ရာဘာကျည်၊ မျက်ရည်ယိုဗုံး၊ အသံဗုံးများဖြင့် ပစ်ခတ်မှုကြောင့် ကျည်ထိမှန်ဒဏ်ရာ ရထားသူများ ရှိခဲ့ပြီး ဖမ်းဆီးခံရသူတွေလည်းရှိခဲ့တယ်လို့ လည်းပြောပါတယ်။

တာမွေ ဗျိုင်းရေအိုးစင်လမ်းထိပ်က အတားအဆီးတွေကို ရှင်းလင်းပြီး သေနတ်နဲ့ ပစ်ခတ်တာတွေရှိခဲ့သလို၁၅ ဦးခန့်အဖမ်းခံရတယ်လို့ သိရကြောင်းသူ ကပြောပါတယ်။

ကျောက်မြောင်းရပ်ကွက်အတွင်း က လမ်‌းတွေအတွင်း ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး ကားတွေနဲ့ ဝင်လာတဲ့ ကားမောင်းသူတွေ ကိုရိုက်နှက်နေကြောင်း လူတွေကိုလည်း ဆဲဆိုကြိမ်း မောင်းပြီး ဖမ်းဆီးနေကြောင်း ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်၊

ညနေ ၆ ရီကျော်လောက်မှာတော့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ပြန်သွားကြောင်း လည်းသူတို့ကပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

တာမွေ မှာ စစ်ကောင်စီတပ်တွေ ပစ်ခတ် ဖမ်းဆီးမှုတွေလုပ်  တာမွေ မှာ စစ်ကောင်စီတပ်တွေ ပစ်ခတ် ဖမ်းဆီးမှုတွေလုပ် Reviewed by THITHTOOLWIN on 20:56 Rating: 5

No comments:

Powered by Blogger.