တွံတေးသပိတ်၊ သီပေါနဲ့ ကွတ်ခိုင်က သပိတ်တွေ ပစ်ခတ်ဖြိုခွဲခံရ


တွံတေးသပိတ် ဖြိုခွဲခံထားရ

တွံတေးသပိတ် ဖြိုခွဲခံထားရ

ကွတ်ခိုင်သပိတ် ဖြိုခွဲခံရတဲ့အခြေအနေ

သီပေါသပိတ်ဖြိုခွဲခံရတဲ့မြင်ကွင်း

ရန်ကုန်တိုင်းဒေသကြီး ၊ တွံတေးမြို့ပေါ်က ကျောက်တိုင်နားမှာ ဒီနေ့မနက်ပိုင်း မတ်လ ၁၂ ရက်မှာပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ရဲတွေနဲ့ စစ်သားတွေက ရာဘာကျည်တွေ၊ ကျည်အစစ်တွေနဲ့ ပစ်ခတ် လူစုခွဲတာခံထားရပါတယ်။ဒီလို ပစ်ခတ်ဖြိုချိန် ဒဏ်ရာရသူ ၂ ယောက်ရှိပြီး ၅ ဦးထက်နည်းဖမ်းဆီးခံထားရတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

လက်ရှိမှာ ရဲနဲ့ စစ်သားအင်အား ၃၀ လောက် ကျောက်တိုင်နားမှာ နေရာယူထားဆဲဖြစ်ပြီး ဆန္ဒပြသူတွေ တစ်ဖက်တစ်ချက်စီ ကွဲနေတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်နေသူတစ်ဦးကပြောပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါနဲ့ ကွတ်ခိုင်မြို့တို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသပိတ်တွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။ဒီနေ့ မတ် ၁၂ ရက်မနက်ပိုင်းက ကွတ်ခိုင်မြို့က ဈေးအနီးမှာဆန္ဒပြဖို့ လူစစုနေချိန် ရဲတပ်ဖွဲ့ရဲ့ မျက်ရည်ယိုဗုံး အသုံးပြုပြီး လူစုခွဲတာကို ခံခဲ့ရပါတယ်။

မျက်ရည်ယိုဗုံး ၃ လုံးထက်မနည်း ပစ်ခတ်ဖြိုခွဲခဲ့ပြီး ကွတ်ခိုင်မှာ ဆန္ဒပြနေသူတွေကို ဒါဟာ ပထမဆုံးအကြိမ် ဖြိုခွဲခဲ့တာ ဖြစ်ပါတယ်။သီပေါမှာလည်း မနက် ၉ နာရီလောက်မှာ သပိတ်စဖို့ ဘူတာရုံနဲ့ ပန်းတိမ်မြောက် ၂ နေရာမှာ လူစုနေချိန် မျက်ရည်ယိုဗုံးသုံးပြီး လူစုဖြိုခွဲခံခဲ့ရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

တွံတေးသပိတ်၊ သီပေါနဲ့ ကွတ်ခိုင်က သပိတ်တွေ ပစ်ခတ်ဖြိုခွဲခံရ  တွံတေးသပိတ်၊ သီပေါနဲ့ ကွတ်ခိုင်က သပိတ်တွေ ပစ်ခတ်ဖြိုခွဲခံရ Reviewed by THITHTOOLWIN on 19:58 Rating: 5

No comments:

Powered by Blogger.