စာသင်ကျောင်းတွေမှာ တပ်စွဲထားတာတွေ ချက်ချင်းရုတ်သိမ်းဖို့ နိုင်ငံတကာအဖွဲ့တွေတောင်းဆို



Share/Bookmark

စာသင်ကျောင်းတွေမှာ တပ်စွဲထားတာတွေ ချက်ချင်းရုတ်သိမ်းဖို့ နိုင်ငံတကာအဖွဲ့တွေတောင်းဆို ရန်ကုန်မှာတွေ့ရတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်ခံတပ်သားများ။ Photo: RFA

မြန်မာစစ်တပ်က စာသင်ကျောင်းတွေမှာ တပ်စွဲထားတာဟာ ကလေးတွေရဲ့ အခွင့်အရေးကို ပြင်းပြင်းထန်ထန်ချိုးဖောက်နေတာ ဖြစ်တယ်လို့ နိုင်ငံတကာ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့တွေက မတ်လ ၁၉ ရက် ဒီနေ့မှာ ကြေညာပါတယ်။

ဒါကြောင့် စာသင်ကျောင်းတွေကနေ စစ်တပ်တွေချက်ချင်း ပြန်ရုတ်သိမ်းပေးဖို့ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့ Save The Children, UNESCO နဲ့ UNICEF အဖွဲ့တို့ ပူးပေါင်းပြီး ဒီကနေ့ တောင်းဆိုလိုက်တာပါ။

ကပ်ရောဂါကြောင့် ကျောင်းသားတွေ စာမသင်ရ၊ စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အချိန်မှာပဲ စစ်အာဏာသိမ်းကောင်စီရဲ့ တပ်တွေက စာသင်ကျောင်းတွေမှာ ထပ်မံ တပ်စွဲလိုက်တာမို့ မြန်မာနိုင်ငံက ကလေးလူငယ် ၁၂ သန်းနီးပါးအတွက် ပညာသင်ကြားရေး ပိုဆိုးရွားတဲ့ အခြေအနေဖြစ်သွားစေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်နယ် ၁၃ ခုမှာ တက္ကသိုလ်နဲ့ စာသင်ကျောင်းပေါင်း ၆၀ ကျော်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဝင်တပ်စွဲထားတယ်လို့လည်း ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/myanmar-school-student-save-the-children-unicef-unesco-myanmar-military-coup-03192021101107.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ