ဝေယံမောင်မောင် သေတာတောင် ပိုင်ရှင်မဲ့ အလောင်းအနေနဲ့ မြောက်ဥက္ကလာပ ဆေးရုံမှာ ရှိနေခဲ့တာ၊





တကယ်အရမ်းစိတ်မကောင်းဘူး RIP

သေတာတောင် ပိုင်ရှင်မဲ့ အလောင်းအနေနဲ့ မြောက်ဥက္ကလာပ ဆေးရုံမှာ ရှိနေခဲ့တာ၊ 

#အမည်MangSuanKhaiဝေယံမောင်မောင် 

အသက် - 27 နှစ် (ချင်း၊ခရစ်ယာန်) 

ဖခင် - ဦးမောင်မောင်

မိခင် - ဒေါ် နဲလ်ခန့်ကျိန်

ဖြစ်စဥ်ကတော့ဒီလိုပါ နွေဦးတော်လှန်ရေးအတွက် 3.3.2021 ၌ မြောက်ဥက္ကလာပ အဝိုင်းတွင် 

သူ့ပေါင်မှာ သေနပ်ထိမှန်ခဲ့တာ​ဖြစ်ပါတယ်။ 

နောက်ဆုံး သူ့အကိုကိုဖုန်းဆက်တုန်းက သူပြောတယ်၊ အကိုရေ ကျွန်နော့် ပေါင်ကိုသေနပ်မှန်သွားပြီ၊   ခုကားနှင့်ခေါ်သွားကြတယ်။

ဒီလောက်ဘဲ...

အာ့လို ဖုန်းပြောပြီးတော့မိသားစုဝင်တွေက 

လိုက်စုံစမ်းတယ်၊ အင်းစိန်ထောင်မှာလဲမတွေ့ဘူး၊ 

ဘယ်မှာမှ ရှာမတွေ့ဘူး၊ 

ဒီနေ့ 6.3.2021 မှာ

မဥက္ကလာပဆေးရုံမှာ ပိုင်ရှင်မဲ့အလောင်းဆိုလို့သွားကြည့်တော့ သူဖြစ်နေတာ 😭😓၊ 

မိဘတွေ ရင်ကွဲရပြီပေါ့၊ 

သူပြောတုန်းက ပေါင်မှာ သေနတ်မှန်တာ၊ 

ခု အလောင်းက ဦးခေါင်းမှာ ဒဏ်ရာတွေနဲ့၊ 

အရိုက်ခံရတဲ့ သဘောရှိတယ်။

မိသားစု က အိမ်ငှားဖြင့် ခက်ခဲနေသူမို့ ဝိုင်းဝန် ကူညီပေးကြပါရန် မေတ္တာ ရပ်ခံအပ်၏။ 🙏

ဒီသတင်း ကို သေဆုံးသူနှင့် ရင်းနှီးသိကျွမ်းသူ

ကျွန်တော့် မိတ်ဆွေ Rebecca Lunbawi ထံမှ ရရှိထားပါသည်။

ထပ်ဖြည့်စွပ်ချက်။ ဒီမနက် 7.3.2021 ၌ မိဘတွေ 

မြောက်ဥက္ကလာပဆေးရုံ ရင်ခွဲရုံသို့ သွားရောက်ပြီး ရုပ်ကလပ် သွားထုတ်သော်လည်း တွေ့ခွင့်တောင် မရရှာဘူး။ အလွန် ကြေကွဲရပါတယ် 😭😭

ဆက်သွယ်ရန်

အမှတ် 1169၊ ဗိုလိပျိုလမ်း၊ ၄ ရပ်ကွက်၊ 

အရှေ့ဒဂုံ

ဖုန်း၊ 09756107110၊ 

09763825760

ဝိုင်းဝန်း ကူညီပေးကြပါအုံး။ 


Nilar Thein

https://www.facebook.com/whiteymom/posts/2795473820577591

ဝေယံမောင်မောင် သေတာတောင် ပိုင်ရှင်မဲ့ အလောင်းအနေနဲ့ မြောက်ဥက္ကလာပ ဆေးရုံမှာ ရှိနေခဲ့တာ၊ ဝေယံမောင်မောင် သေတာတောင် ပိုင်ရှင်မဲ့ အလောင်းအနေနဲ့ မြောက်ဥက္ကလာပ ဆေးရုံမှာ ရှိနေခဲ့တာ၊ Reviewed by THITHTOOLWIN on 23:34 Rating: 5

No comments:

Powered by Blogger.