အကြမ်းဖက်ဖြိုခွင်းမှုတွေ ရပ်အောင် လုပ်ရမယ်လို့ ကုလအထူးသံ လုံခြုံရေးကောင်စီမှာပြော


ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီကနေ့ ပြုလုပ်တဲ့ တံခါးပိတ် အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေကို ရပ်တန့်အောင်လုပ်ရမယ်လို့ မြန်မာဆိုင်ရာ ကုလ အထူးသံတမန် ခရစ်စတင်း ရှာရနာ ဘာဂနာက ပြောပါတယ်။

အခြေအနေတွေကို ဆက်လက်စောင့်ကြည့်နေပြီး ကောင်စီက သဘောတူနိုင်တဲ့ အရေးယူမှုတွေကို လုပ်မယ်လို့ အစည်းအဝေးအပြီးမှာ ကုလဆိုင်ရာ ယူကေ သံအမတ်က ပြောပါတယ်။

အများသဘောတူတဲ့ ဆုံးဖြတ်ချက် ချဖို့ဆိုရင် အမေရိကန်၊ ပြင်သစ်၊ ယူကေတို့နဲ့ အတူ တရုတ်နဲ့ ရုရှားနိုင်ငံတို့ သဘောတူညီမှုကိုပါ လိုပါတယ်။

သံတမန်တွေကတော့ သောကြာနေ့ အစည်းအဝေးကနေ ဆုံးဖြတ်ချက် တစ်ခုခု ထွက်လာဖွယ် မရှိဘူးလို့ ပြောပြီး အခြေအနေတွေကို ဆက်လက်စောင့်ကြည့်လေ့လာသွားမယ်ဖို့ ဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

အကြမ်းဖက်ဖြိုခွင်းမှုတွေ ရပ်အောင် လုပ်ရမယ်လို့ ကုလအထူးသံ လုံခြုံရေးကောင်စီမှာပြော အကြမ်းဖက်ဖြိုခွင်းမှုတွေ ရပ်အောင် လုပ်ရမယ်လို့ ကုလအထူးသံ လုံခြုံရေးကောင်စီမှာပြော Reviewed by THITHTOOLWIN on 01:08 Rating: 5

No comments:

Powered by Blogger.