တောင်ကြီးမြို့ အမျိုးသားတစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ က ဖမ်းဆီး


သျှမ်းသံတော်ဆင့်၊ မတ် ၂၄ရက် 

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သည့် အမျိုးသား တစ်ဦး ကို အကြမ်းဖက် စစ်ကောင်စီ က ယနေ့ (မတ် ၂၄)ရက် နေ့လည် ၂နာရီဝန်းကျင်တွင် ဖမ်ဆီးသွားကြောင်း စုံစမ်းသိရသည်။

အဆိုပါဖမ်းဆီးခံရသည့် အမျိုးသားသည် အသက် (၄၃)နှစ်အရွယ်ရှိ ဦးကျော်သူဖြစ်ပြီး၊ ထိုသူကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ က နေအိမ်ထဲထိ လိုက်လံရှာဖွေပြီး ဖမ်းဆီးသွားကြောင်း သိရသည်။

" ယနေ့ ၁နာရီ၅၂မိနစ်လောက်မှာ စစ်သားနဲ့ရဲ တွေက  အိမ်ထဲဝင်စစ်ချင်လို့ တံခါးဖွင့်ခိုင်းတယ်။ မဖွင့်ပေးရင် အုတ်တံတိုင်းကျော်ပြီး ဝင်လာမယ်ပြောလို့ ဖွင့်ပေးလိုက်ရတယ်။ တံခါးဖွင့်ပေးတော့အိမ်မှာယောကျာ်းလေး ဘယ်နှယောက်ရှိလဲမေးတယ်ဗျ"ဟု မျက်မြင်တွေ့ရှိသူတဦး ကပြောသည်။ 

အကြမ်းဖက်စစ်ကောင်စီ က ဦးကျော်သူကို  စစ်ဆေးရန်ရှိသည်ဟု  အကြောင်းပြချက်ဖြင့် ခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသူကပြောသည်။

" ကျနော်ရဲ့ ဦးလေးက နိုင်ငံရေးနဲ့လည်း ဘာမှ မပတ်သတ်ဘူး။ စစ်မေးဖို့လိုတယ် ခဏလိုက်ခဲ့ဆိုပြီး သူတို့က ခေါ်သွားတယ်။ စစ်အင်းအားလဲများတယ် ၃၀ ကျော်လောက်ရှိတယ်" ဟု ဖမ်းဆီးခံရသူ၏ ဆွေမျိုးတော်စပ်သူ က ပြောသည်။

ယနေ့ (မတ် ၂၄)ရက်တွင် မြန်မာတဝှမ်းနည်းတူ သျှမ်းပြည်တောင်ပိုင်းတောင်ကြီးတွင်လည်း အသဲတိတ် သပိတ် (Silent Strike)အနေဖြင့် ဈေးများ၊ ကုန်တိုက်များ၊ စားသောက်ဆိုင်များ ပိတ်ကာ အပြင်မထွက်ဘဲ နေအိမ်တွင်နေထိုင်ကာ ဆန္ဒပြနေကြသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

တောင်ကြီးမြို့ အမျိုးသားတစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ က ဖမ်းဆီး တောင်ကြီးမြို့ အမျိုးသားတစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ က ဖမ်းဆီး Reviewed by THITHTOOLWIN on 22:17 Rating: 5

No comments:

Powered by Blogger.