![]() |
သျှမ်းသံတော်ဆင့် ၊မတ် (၁၉ )ရက်
သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ်မြို့နယ် ဝမ်ဖြတ်ရွာ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၂) တပ်ထဲတွင် စစ်ကောင်စီ၏ တပ်မတော်သားတစ်ယောက် ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားကြောင်း သိရှိသည်။
အဆိုပါ ကြိုးဆွဲချသေဆုံးသည့် စစ်ကောင်စီ ၏ တပ်မတော်သား အလောင်းကို မတ်လ ၁၇ ရက် ညနေပိုင်း တွင် တွေ့ရှိရပြီး မတ် ၁၈ ရက်တွင် ရုပ်အလောင်းကို မိုင်းရယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
ထိုသေဆုံးသွားသည့် စစ်ကောင်စီ ၏ တပ်မတော် ရုပ်အလောင်းကို ယနေ့ (မတ် ၁၉ ရက်) နေ့လည်ပိုင်း ၁ နာရီအချိန် မိုင်းရယ် သုဿာန်မှာ မီးသင်္ဂြုလ်လိုက်ကြောင်း သတင်းရရှိသည်။
SHAN News (Burmese Version)
မိုင်းရယ် စစ်ကောင်စီ၏ တပ်မတော်သားတဦး ကြိုးဆွဲချ သေဆုံး
Reviewed by THITHTOOLWIN
on
22:24
Rating:

No comments:
Post a Comment