မူဆယ်မြို့တွင် လမ်းသွားလမ်းလာပြည်သူများ၏ ဖုန်းကို လိုက်လံစစ်ဆေးနေ


သျှမ်းသံတော်ဆင့်၊ မတ် (၉ )ရက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တွင် စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာများကို တင်းကြပ်စွာ စစ်ဆေးမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ယနေ့ (မတ် ၉ )ရက်တွင် မူဆယ်မြို့ ဒေသခံများကို စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက နေ့ရာတိုင်းနီးပါး လမ်းသွားလမ်းလာ ပြည်သူများကိုင်ဆောင်သည့် ဖုန်းများ ကို စစ်ဆေးမှု ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် မူဆယ်ဒေသခံ စိုင်းဖ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော် ကို စစ်တာက နာရီစင်နားပါ။ ဆိုင်ကယ်ကိုရပ်ခိုင်းတယ်။ ပြီးတော့ ဖုန်းကို ဖွင့်ခိုင်းပြီး ဖေ့ဘွတ်( လူမှုကွန်ရက်) ကိုဖွင့်တယ်။ ဘာမှ သိပ်မတင်တော့ ကျနော်လွှတ်လာတယ်။ ဆိုင်ကယ်ကိုလည်း စစ်သေးတယ် ” ဟု စိုင်းဖ က ပြောသည်။

အဆိုပါ စစ်ဆေးမှုသည် မူဆယ်ဒေသခံ လမ်းသွားလမ်းလာ အားလုံးကို စစ်ဆေးခြင်းမဟုတ်ဘဲ ရဲ၊စစ်တပ်မှ ခေါ်ယူစစ်ဆေးခြင်သူများကိုသာ ခေါ်ယူစစ်ဆေးနေကြောင်း၊ နေရာတိုင်းနီးပါး စစ်ဆေးနေကြောင်းလည်း မူဆယ် မှ အသက် ၂၈နှစ်အရွယ် အမျိုးသား တဦးက ပြောသည်။

“ သူတို့ စစ်ချင်တဲ့နေရာစစ်နေတာ။ တနေရာနဲ့ တနေရာ မတူဘူး။ ရဲရော စစ်သားတွေရောပါတယ်။ ဒါတမြင်သက်သက် လုပ်နေတာ။ပြည်သူကို ကြောက်အောင် ခြောက်နေတာပဲ”လို ၎င်း အမျိုးသားက ပြောသည်။

ယမန်နေ့ (မတ်၈)ရက်တွင် မူဆယ်မြို့ ဟိုနားရပ်ကွက် မြို့ရှောင်လမ်းတွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် ပြည်သူလူထု သပိတ်စစ်ကြောင်းကို စစ်ကောင်စီ ၏ လက်နက်ကိုင် တပ်ဖွဲ့က ကျည်အစစ်နှင့် ရာဘာကျည်ကို အသုံးပြုပြီး ဖြိုခွင်းခဲ့ရာ ပြည်သူ ၂ဦး ကျည်အစစ်ထိမှန်ကာ တဦး ဒဏ်ရာပြင်းထန်းခဲ့ပြီး ၂ဦးမှာ ရာဘာကျည်ထိမှန်ခဲ့ကြောင်းသိရသည်။

ထို့အပြင် ဆန္ဒထုတ်ဖော်သူ တချို့လည်း ဖမ်းဆီးခံရကြောင်းသိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

မူဆယ်မြို့တွင် လမ်းသွားလမ်းလာပြည်သူများ၏ ဖုန်းကို လိုက်လံစစ်ဆေးနေ မူဆယ်မြို့တွင် လမ်းသွားလမ်းလာပြည်သူများ၏ ဖုန်းကို လိုက်လံစစ်ဆေးနေ Reviewed by THITHTOOLWIN on 19:50 Rating: 5

No comments:

Powered by Blogger.