အာဏာသိမ်းစစ်ကောင်စီက လူသတ်လက်နက်သုံးပြီး ဆက်လက်ပစ်ခတ်နေမှုကို အမေရိကန်အစိုးရ ဝေဖန်ရှုတ်ချ





(၁၁-၃-၂၀၂၁)

အာဏာသိမ်းစစ်ကောင်စီက လူသတ်လက်နက်သုံးပြီး ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေအပေါ် ဆက်လက်ပစ်ခတ်ဖြိုခွင်းနေမှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Ned Price က ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့မီနစ်ပိုင်းကပြုလုပ်တဲ့ နေ့စဉ် ပုံမှန်သတင်းစာရှင်းပွဲအတွင်း သူက အဲဒီလိုပြောဆိုသွားတာပါ။

-စစ်ကောင်စီက လူသတ်လက်နက်သုံးပြီး ပြည်သူတွေကို ဆက်ပြီး ပစ်ခတ်နေတဲ့အပေါ် ကျနော်တို့ပြင်းထန်စွာရှုတ်ချပါတယ်။ သတင်းထောက်တွေ၊ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေအပါဝင် မြန်မာပြည်သူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် တိုက်ခိုက်နေတာတွေကို ကျနော်တို့ ပြင်းထန်စွာရှုတ်ချ ကန့်ကွက်ပါတယ်- လို့ Ned Price ကပြောသွားတာဖြစ်ပါတယ်။

ဒီနေ့ ရရှိထားတဲ့သတင်းတွေအရ လုံခြုံရေးတပ်တွေက လူသတ်လက်နက်သုံးပြီး ပစ်ခတ်တဲ့အတွက် မကွေးတိုင်း မြိုင်မြိ့မှာ ၆ ဦး၊ ရန်ကုန်မှာ တဦးနဲ့ အခြားမြို့တွေမှာလည်း သေဆုံးမှုရှိခဲ့ပြီး အားလုံး ၁၀ ကျော်တယ်လို့ သိထားရပါတယ်။

ဒါဟာ မနေ့ကမှ ကုလ လုံခြုံရေးကောင်စီကနေ အကြမ်းဖက်မှုတွေ ဆက်မလုပ်ဖို့၊ လူသတ်လက်နက်ဆက်မသုံးဖို့၊ ဖမ်းထားသူတွေကို လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးဖို့ တောင်းဆို ပြီးမှ အာဏာသိမ်းစစ်ကောင်စီဖက်က ထပ်မံ အကြမ်းဖက် လာခြင်းဖြစ်ပါတယ်။

မနေ့ကအထိ စစ်ကောင်စီရဲ့သတ်ဖြတ်မှုကြောင့် သေဆုံးတဲ့ အပြစ်မဲ့အရပ်သား ၆၀ ကျော်ရှိနေပြီဖြစ်တဲ့အတွက် အခုဆိုရင် ၇၀ ကျော်၊ ၈၀ နီးပါးအထိ ရှိလာနေတာဖြစ်ပါတယ်။ ဖမ်းဆီးခံနေရသူဦးရေကလည်း နှစ်ထောင်ကျော်နေပြီလို့ သိရပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

အာဏာသိမ်းစစ်ကောင်စီက လူသတ်လက်နက်သုံးပြီး ဆက်လက်ပစ်ခတ်နေမှုကို အမေရိကန်အစိုးရ ဝေဖန်ရှုတ်ချ အာဏာသိမ်းစစ်ကောင်စီက လူသတ်လက်နက်သုံးပြီး ဆက်လက်ပစ်ခတ်နေမှုကို အမေရိကန်အစိုးရ ဝေဖန်ရှုတ်ချ Reviewed by THITHTOOLWIN on 02:06 Rating: 5

No comments:

Powered by Blogger.