ပိုလန်သတင်းထောက်တဦး တောင်ကြီးမှာ ထိန်းသိမ်းခံရ


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပိုလန်နိုင်ငံသား သတင်းထောက်တဦး ထိန်းသိမ်းခံထားရကြောင်း ပိုလန်နိုင်ငံခြားရေး ဝန်‌ကြီးဌာနက ပြောပါတယ်။ 

Robert Bociaga အမည်ရှိ အလွတ်သတင်းထောက်ဟာ ရှမ်းပြည်နယ် ညောင်ရွှေမြို့မှာ ခေတ္တ နေထိုင်နေစဉ်အတွင်း၊ တောင်ကြီးမြို့မှာ စစ်ကြောင်းတွေကို ဓာတ်ပုံရိုက်ခဲ့တဲ့အတွက် ဝိုင်းဝန်းရိုက်နှက် ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။  သူဟာ ဥပဒေဆိုင်ရာ မဟာဘွဲ့ ရရှိထားသူဖြစ်ပြီး၊ အပြည်ပြည်ဆိုင်ရာအထူးပြု ခရီးသွားဓာတ်ပုံ သတင်းထောက်တစ်ဦးလည်း ဖြစ်ပါတယ်။ 

CNN. The Diplomat, Nikkei Asian Review စတဲ့ သတင်းမီဒီယာတွေမှာ စီးပွားရေး၊ လူမှုရေးကိစ္စတွေနဲ့ ယဉ်ကျေးမှု အပြောင်းအလဲ၊ နိုင်ငံရေးဆိုင်ရာ ကွဲပြားမှု၊ ဆင်းရဲမွဲတေမှု၊ ဘာသာရေး နဲ့ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှုတွေ အကြောင်း သတင်းဆောင်းပါးတွေ ရေးသားနေသူဖြစ်ပါတယ်။ 

ဖမ်းဆီးထိန်းသိမ်းခံရသူ ပိုလန်သတင်းထောက် Robert Bociaga ရဲ့ ကျန်းမာရေးနဲ့ ဥပဒေဆိုင်ရာ အခြေအနေတွေကို သိနိုင်ဖို့ ဆက်သွယ်ခွင့်ရအောင် ကြိုးပမ်းနေကြောင်း ပိုလန် နိုင်ငံခြားရေးဝန်‌ကြီးဌာနက ပြောပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese

ပိုလန်သတင်းထောက်တဦး တောင်ကြီးမှာ ထိန်းသိမ်းခံရ ပိုလန်သတင်းထောက်တဦး တောင်ကြီးမှာ ထိန်းသိမ်းခံရ Reviewed by THITHTOOLWIN on 08:21 Rating: 5

No comments:

Powered by Blogger.