ရန်ကုန်ကမြို့နယ်အချို့မှာ ညအချိန်ဆန္ဒပြနေ


Social MediaCopyright: Social Media

ရန်ကုန်တိုင်းအတွင်းက မြို့နယ် အတော်တော်များများမှာ စမ်းချောင်းမြို့နယ်မှာ လမ်းတွေကို ပိတ်ပြီး ဆန္ဒပြသူတွေကို ဝင်ရောက်ဖမ်းဆီးဖို့ လုပ်နေတဲ့ အတွက် ညဘက် လမ်းမများပေါ်ထွက်ကာ ဆန္ဒပြနေကြပါတယ်။

လတ်တလော ညဘက် လမ်းမပေါ်ထွက် ဆန္ဒပြနေတဲ့ မြို့နယ်တွေထဲမှာ အလုံ ကြည့်မြင်တိုင် သင်္က္ကန်းကျွှန်း တောင်ဥက္ကလာပ သာကေတ ကမာရွတ် လှိုင် စတဲ့မြို့နယ်တွေ ပါဝင်တယ်လို့ ကနဦးသိရပါတယ်။

ရန်ကုန်မြို့စမ်းချောင်းမြို့နယ်မှာ လမ်းအချို့ကိုပိတ်ထားပြီး နေအိမ်တွေကို ဝင်ရောက်ရှာဖွေဖို့ ရဲနဲ့စစ်တပ်က ပြင်နေတယ်လို့စမ်းချောင်းဒေသခံတစ်ဦးကပြောပါတယ်။

စမ်းချောင်းဘက်မှာပြီးခဲ့တဲ့ မိနစ်ပိုင်းကတော့ ပစ်ခတ်သံတွေကြားနေရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

ရန်ကုန်ကမြို့နယ်အချို့မှာ ညအချိန်ဆန္ဒပြနေ ရန်ကုန်ကမြို့နယ်အချို့မှာ ညအချိန်ဆန္ဒပြနေ Reviewed by THITHTOOLWIN on 22:49 Rating: 5

No comments:

Powered by Blogger.