စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မတ်လ ၁၅ ရက်နေ့က လှိုင်သာယာမှာ ဆန္ဒပြမှုတွေရှိခဲ့ပြီးတော့ လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ဒေသခံတွေရော မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။
တပင်ရွှေထီးလမ်းမတစ်လျှောက်စစ်အာဏာသိမ်းကောင်စီ တပ်တွေ ပစ်ခတ်မှုကြောင့် လူလေးဦးသေဆုံးခဲ့တယ်လို့ ကနဦးသတင်းတွေရပေမယ့် လှိုင်သာယာ ဆေးရုံ ဘက်ကိုတော့ ဆက်သွယ် အတည်ပြုလို့ မရသေးပါဘူး။
လှိုင်သာယာမှာ ဒီနေ့ ပစ်ခတ်မှုကြောင့် သေဆုံးမှုရှိခဲ့တာမှန်ကန်ကြောင်းနဲ့ ရင်ခွဲရုံမှာ ရုပ်အလောင်းတွေ ထားစရာမရှိဘဲ မဆန့်အောင် ဖြစ်နေတယ်လို့လည်း လိုက်ပါကူညီပေးနေသူတွေကပြောပါတယ်။
သေဆုံးသူတွေထဲမှာ အမျိုးသားတွေပါဝင်သလို အမျိုးသမီးတစ်ဦးလည်း ပါဝင်တယ်လို့ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
BBC Burmese
လှိုင်သာယာမှာ မတ်လ ၁၅ ရက်နေ့ အပစ်ခံရလို့ လူသေဆုံးမှုတွေရှိ
Reviewed by THITHTOOLWIN
on
20:40
Rating:

No comments:
Post a Comment