မြစ်ကြီးနား ရမ်ပူရပ်ကွက်ပစ်ခတ်မှု ကလေးတစ်ဦး အပါအဝင် ထိခိုက်သူတွေရှိ

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်မြေ(၁၄) (က) မှာ မတ်လ ၂၉ ရက် မနက်ပိုင်းက ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။အရပ်ကား ကားအဖြူ တစ်စီး အပါအဝင် စစ်ကားတွေက ဝင်လာပြီး အကြောင်းတစ်စုံတစ်ရာမရှိဘဲ ပစ်ခတ်ခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

ရဲဝတ်စုံ၊ စစ်ဝတ်စုံ အပြည့်နဲ့ တပ်သားတချို့ ကားပေါ် ပါလာတယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုမှာ ရာဘာကျည်တွေပါသလို ကျည်အစစ်တွေလည်းပါတယ်လို့ အခင်းဖြစ်ပွားရာမှာ ရှိနေသူတွေက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ပွန်းပဲ့ထိခိုက်ဒဏ်ရာရှိသူ အနည်းဆုံး ၅ယောက်ရှိပြီး အသက် ၁၅ နှစ်အရွယ်ကလေးတစ်ယောက်ကတော့ ပါးကိုကျည်ထိတာကြောင့် ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပါးမှာဒဏ်ရာရရှိခဲ့တဲ့ ကလေးရဲ့အဘိုးဖြစ်သူက ပြောပြသလို မျက်မြင်တစ်ယောက်ကလည်း ဘီဘီစီကို အတည်ပြုပါတယ်။

ကလေးကအိမ်မှာထိုင်နေရင်း ညာဘက်ပါးကို ကျည်ထိခဲ့တာလို့ အဘိုးဖြစ်သူက ပြောပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

မြစ်ကြီးနား ရမ်ပူရပ်ကွက်ပစ်ခတ်မှု ကလေးတစ်ဦး အပါအဝင် ထိခိုက်သူတွေရှိ  မြစ်ကြီးနား ရမ်ပူရပ်ကွက်ပစ်ခတ်မှု ကလေးတစ်ဦး အပါအဝင် ထိခိုက်သူတွေရှိ Reviewed by THITHTOOLWIN on 21:11 Rating: 5

No comments:

Powered by Blogger.