ချမ်းမြသာစည်မြို့နယ်တရားသူကြီး ဖမ်းဆီးခံရ



မန္တလေး-မတ် ၂၆-၂၀၂၁

မန္တလေးတိုင်းချမ်းမြသာစည်မြို့နယ်တရားရုံးက မြို့နယ်တရားသူကြီး ဦးကိုကို ကို ပုဒ်မ ၅၀၅(က) နဲ့ မတ်လ ၂၅ ရက်ကဖမ်းဆီးခဲ့ပြီး အိုးဘိုထောင်ကိုပို့ထားပါတယ်။ 

မြို့နယ်တရားသူကြီးဦးကိုကိုဟာ စီမံအုပ်ချုပ်ရေးကောင်စီအဆင့်ဆင့်ရဲ့ညွန်ကြားချက်ကို ဌာနဆိုင်ရာချင်း ပူးပေါင်းဆောင်ရွက်ဖို့ပျက်ကွက်တာ အပါအဝင်၊ "တရားရုံးရဲ့ လုပ်ပိုင်ခွင့်ကို တပ်မတော်က သိမ်းပိုက်ပြီး၊ မင်းတို့ စောက်ရဲတွေလည်း စစ်တပ်က ခိုင်းတာပဲ လုပ်နေတယ်၊ ငါတော့ မလုပ်နိုင်ဘူး၊ တရားရုံးကို ထောင်ထဲပို့လိုက်ပြီ"လို့ ပြောဆိုတဲ့အတွက်၊ နိုင်ငံ့ဝန်ထမ်းအချင်းချင်း စိတ်ဝမ်းကွဲရအောင်၊ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်အောင် ပြုမူဆောင်ရွက်တယ်ဆိုပြီး 

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က )အရ၊ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးညွန့်ဝင်းက တရားလို လုပ် အမှုဖွင့်ဆိုခဲ့ဖြစ်ပါတယ်။

ဖမ်းခံရတဲ့ ဦးကိုကိုနဲ့နီးစပ်သူအပြောအရတော့ တရားသူကြီးမသိဘဲ ရဲတပ်ဖွဲ့ကကျော်လွန်လုပ်ဆောင်တာတွေကို မကျေနပ်လို့ပြောရာကနေ ခုလိုဖမ်းခံရတာဖြစ်တယ်လို့လည်း သိရပါတယ်။


Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

ချမ်းမြသာစည်မြို့နယ်တရားသူကြီး ဖမ်းဆီးခံရ ချမ်းမြသာစည်မြို့နယ်တရားသူကြီး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 23:11 Rating: 5

No comments:

Powered by Blogger.