ထိုင်းနိုင်ငံ မယ်ဆိုင်မှ တာချီလိတ်သို့ သွယ်သုံးနေသည့် အင်တာနက်လိုင်းများ ဖြတ်တောက်




သျှမ်းသံတော်ဆင့်၊မတ် ၁၇ရက်

တာချီလိတ်မြို့နယ်အတွင်း ဝန်ဆောင်မှုပေးနေသည့်  ထိုင်းနိုင်ငံ မယ်ဆိုင်မှ ဆက်သွယ်လာသည့်  အင်တာနက်ဖိုင်ဘာလိုင်းများကို စစ်ကောင်စီက မတ်လ ၁၇ရက်က ဖြတ်တောက်လိုက်ကြောင်း သတင်းရရှိသည်။

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ သွယ်တန်းလာသည့် အင်တာနက်လိုင်းနှင့် မြန်မာအင်တာနက်လိုင်း ၂မျိုးစလုံးကို အသုံးပြုနေသည့် နယ်စပ်မြို့ဖြစ်သည်။ 

မြန်မာနိုင်ငံတဝှမ်းတွင် မတ် ၁၅ရက်မှ စတင်ကာ မိုဘိုင်းဒေတာ အင်တာနက်ကို ဖြတ်တောက်ခဲ့ပြီး၊ မနက်ဖန် (မတ်၁၈)ရက်တွင်လည်း  wifiအင်တာနက်များ ရက်အကန့်အသက်မရှိ ပိတ်မည်ဟုလည်း စစ်ကောင်စီက ကြေညာထားသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

ထိုင်းနိုင်ငံ မယ်ဆိုင်မှ တာချီလိတ်သို့ သွယ်သုံးနေသည့် အင်တာနက်လိုင်းများ ဖြတ်တောက် ထိုင်းနိုင်ငံ မယ်ဆိုင်မှ တာချီလိတ်သို့ သွယ်သုံးနေသည့် အင်တာနက်လိုင်းများ ဖြတ်တောက် Reviewed by THITHTOOLWIN on 23:27 Rating: 5

No comments:

Powered by Blogger.