သေနတ်ဒဏ်ရာရသူ ၃ ဦး ဆေးကုဖို့အတွက် အိန္ဒိယနိုင်ငံထဲ ရောက်လာ




(၂၆-၃-၂၀၂၁)

သေနတ်ဒဏ်ရာရထားတဲ့ မြန်မာနိင်ငံသား ၃ ဦး အရေးပေါ်ဆေးကုဖို့ အိန္ဒိယနိုင်ငံထဲ နယ်စပ်ဖြတ်ရောက်ရှိလာတယ်လို့ အိန္ဒိယ နယ်စပ်ရဲတပ်ဖွဲ့ကပြောပါတယ်။

မနေ့ညပိုင်းက မြန်မာဖက် (စစ်ကိုင်းတိုင်းဒေသကြီး) တမူးမြို့မှာ အာဏာသိမ်းကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ပစ်ခတ်တဲ့အတွက် ဒါဇင်နဲ့ချီတဲ့လူတွေ နယ်စပ်ဖြတ်ပြီး အိန္ဒိယနိုင်ငံ မိုရေးမြို့ဖက် ထွက်ပြေးလာတာဖြစ်တယ်လို့ မနီပူပြည်နယ်က ရဲအရာရှိ Vikramji Singh ကပြောပါတယ်။

ဒီလူတွေအတွက် မိုးရေးဒေသခံတွေက အရေးပေါ် နေစရာ၊ စားစရာဖန်တီးပေးထားပြီး ဆေးရုံတင်ပေးထားတယ်လို့ သိရပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုဖြစ်ပြီးကတည်းက မြန်မာနိုင်ငံတဝှမ်းမှာ လုံခြုံရေးတပ်တွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာရာသူတွေ ရာနဲ့ချီရှိလာနေပါတယ်။ အဲဒီ ထဲက နယ်စပ်နဲ့နီးသူအချို့ဟာ အိန္ဒိယဖက် ထွက်ပြေးလာနေကြပါတယ်။

အိန္ဒိယ အာဏာပိုင်တွေက လူဦးရေအတိအကျကို သတင်းမထုတ်ပြန်ပေမယ့် ရာနဲ့ချီရှိနေပြီလို့ သတင်းထောက်တွေက ခန့်မှန်းထားပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

သေနတ်ဒဏ်ရာရသူ ၃ ဦး ဆေးကုဖို့အတွက် အိန္ဒိယနိုင်ငံထဲ ရောက်လာ သေနတ်ဒဏ်ရာရသူ ၃ ဦး ဆေးကုဖို့အတွက် အိန္ဒိယနိုင်ငံထဲ ရောက်လာ Reviewed by THITHTOOLWIN on 22:16 Rating: 5

No comments:

Powered by Blogger.