မြန်မာ့မြေပေါ်မှ လက်နက်အားကိုးအနိုင်ကျင့်သည့် စစ်အာဏာရှင်စနစ်အမြစ်ဖြုတ် ဖယ်ရှားနိုင်ရေး အတွက် အလှူငွေများ ပြန်လည်လှူဒါန်းနိုင်ပြီဖြစ်ကြောင်း


မြန်မာ့မြေပေါ်မှ လက်နက်အားကိုးအနိုင်ကျင့်သည့် စစ်အာဏာရှင်စနစ်အမြစ်ဖြုတ် ဖယ်ရှားနိုင်ရေး အတွက် အားတက်သရော ပါဝင်လှူဒါန်းကြသူများအားလုံးကို မြန်မာပြည်သူများကိုယ်စား CRPH မှ အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။

ဤသို့ အချိန်တိုအတွင်း နိုင်ငံပေါင်းစုံ လူမျိုးပေါင်းစုံမှ အားတက်သရော ပါဝင်လှူဒါန်းကြသည့်အတွက်လည်း အလွန်ပင် ဝမ်းမြောက်ဝမ်းသာဖြစ်ရပြီး လက်ရှိအချိန်အထိရရှိထားသော အလှူငွေများသည် မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အကူအညီများစွာ ဖြစ်စေပါသည်။

ယနေ့မှစ၍ GoFundMe မှတစ်ဆင့် အလှူငွေ ပြန်လည်လက်ခံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပေးလိုပါသည်။ စစ်အာဏာရှင်စနစ်အမြစ်ဖြုတ်ဖယ်ရှားနိုင်ရေး အတွက် မြန်မာပြည်သူများအား CRPH Website ၏ အောက်ပါ လင့်ခ်မှ တဆင့်ဖြစ်‌စေ Go Fund Me ၏ တိုက်ရိုက်လင့်ခ်မှဖြစ်စေဆက်လက် ကူညီသွားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Committee Representing Pyidaungsu Hluttaw - CRPH

https://www.facebook.com/crph.official.mm/

မြန်မာ့မြေပေါ်မှ လက်နက်အားကိုးအနိုင်ကျင့်သည့် စစ်အာဏာရှင်စနစ်အမြစ်ဖြုတ် ဖယ်ရှားနိုင်ရေး အတွက် အလှူငွေများ ပြန်လည်လှူဒါန်းနိုင်ပြီဖြစ်ကြောင်း မြန်မာ့မြေပေါ်မှ လက်နက်အားကိုးအနိုင်ကျင့်သည့် စစ်အာဏာရှင်စနစ်အမြစ်ဖြုတ် ဖယ်ရှားနိုင်ရေး အတွက် အလှူငွေများ ပြန်လည်လှူဒါန်းနိုင်ပြီဖြစ်ကြောင်း Reviewed by THITHTOOLWIN on 22:18 Rating: 5

No comments:

Powered by Blogger.