ပစ်ခတ်မှုကြောင့် ရန်ကုန်မှာ နှစ်ဦးနဲ့ ကလေးမြို့မှာ လေးဦး သေဆုံး

ကလေးမြို့တာဟန်းမတ်လ ၁၇ ရက်နေ့ကတွေ့ရစဥ်

ရန်ကုန် တာမွေမြို့နယ်မှာ ရပ်ကွက်ထဲကို ပစ်ခတ်နေသောစစ်သားတစ်ဦး

အာဏာသိမ်း စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ရန်ကုန်မြို့နဲ့ ကလေးမြို့တို့မှာ လူ ၆ ဦးခန့်သေဆုံးခဲ့တယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်။

ရန်ကုန်မြို့ တာမွေ ကျောက်မြောင်းဘက်မှာလည်း လိုက်လံ ပစ်ခတ် ဖမ်းဆီးမှုတွေ ရှိခဲ့ပါတယ်။

ကလေးမြို့ အနောက်ဘက် တာဟန်းရပ်ကွက်မှာ ဒီနေ့ညနေပိုင်းအထိ ပစ်ခတ်မှုတွေ ရှိနေခဲ့ပြီးစုစုပေါင်း ၄ ဦးသေဆုံးခဲ့တယ်လို့ ဘီဘီစီက အတည်ပြုထားနိုင်ပါတယ်။

ကလေးမြို့မှာ နေ့လယ်ပိုင်းက နှစ်ဦး သေဆုံးခဲ့သလို နောက်ထပ် သေဆုံးသူ နှစ်ဦးဟာ တာဟန်းရပ်ကွက် ချင်းတောင်တန်း ကားဂိတ် အနီးမှာဖြစ်ပြီး သေနတ်ကျည်ထိမှန်သူတွေ အများစုဟာ ခေါင်းတွေကို ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်က နှစ်ဦးက‌တော့ လှိုင်မြို့နယ် ကန်လမ်းနဲ့ လှိုင်သာယာက ပစ်ခတ်မှုတွေမှာ ဖြစ်တယ်လို့ မျက်မြင်တွေ့သူတွေက ဘီဘီစီကို ပြောပါတယ်။

တာမွေမှာ ပစ်ခတ်မှုတွေရှိခဲ့ပြီး သေဆုံး ထိခိုက် ဒဏ်ရာရသူ ရှိမရှိကို တော့ အတည်မပြုနိုင်သေးပါဘူး။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

ပစ်ခတ်မှုကြောင့် ရန်ကုန်မှာ နှစ်ဦးနဲ့ ကလေးမြို့မှာ လေးဦး သေဆုံး  ပစ်ခတ်မှုကြောင့် ရန်ကုန်မှာ နှစ်ဦးနဲ့ ကလေးမြို့မှာ လေးဦး သေဆုံး Reviewed by THITHTOOLWIN on 06:46 Rating: 5

No comments:

Powered by Blogger.