ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ စစ်တပ်စီးပွါးရေးတို့ကို ကန် ကုန်သွယ်ရေးအမည်မည်းစာရင်းမှာ ထည့်သွင်

မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် ၂၀၁၆ (ဓာတ်ပုံ-AFP)

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ရက် စစ်တပ်က အာဏာသိမ်းခဲ့တာအတွက် မြန်မာကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဌာနတွေအပြင် ထိပ်တန်းမြန်မာစစ်တပ်ရဲ့ စီးပွါးရေးလုပ်ငန်းကြီးတွေကို ကုန်သွယ်ရေးဆိုင်ရာ အမည်မည်းစာရင်းထဲ ထည့်သွင်းပြီး အမေရိကန်က ဒဏ်ခတ်မှု အသစ်တွေ ချမှတ်လိုက်ကြောင်း ကြာသပတေးနေ့မှာ ကြေညာပါတယ်။

မြန်မာစစ်တပ်အသုံးပြုမယ့် ပစ္စည်းတင်ပို့ခွင့်ကို ကန့်သတ်လိုက်တာဖြစ်ပြီး အမေရိကန်ကုမ္ပဏီတွေ အတွက် မြန်မာစစ်တပ်ကို ပစ္စည်းတချို့တင်ပို့ခွင့်လိုင်စင် ကန့်သတ်မှုတွေလုပ်လိုက်တာပါ။

ဒါဟာ မြန်မာနိုင်ငံမှာ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲ အနိုင်ရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်အာဏာပိုင်တွေက အကြမ်းဖက်နှိမ်နင်းမှုတွေတိုးလာတာ အတွက် အရေးယူလိုက်တာဖြစ်ပါတယ်။

နိုင်ငံတလွှား ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တဲ့အတွက် စစ်တပ်အာဏာသိမ်းပြီးချိန်ကစရင် အခုချိန်အထိ လူပေါင်း ၅၄ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂစာရင်းတွေမှာ ဖေါ်ပြထားသလို သတင်းထောက် ၂၉ ဦးအပါအဝင် လူပေါင်း ၁၇၀၀ ကျော် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ကို နောက်ထပ်အရေးယူမှုတွေ ချမှတ်နိုင်ဖို့ ပြန်လည်သုံးသပ်နေတယ်လို့လည်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/us-blacklist-myanmar-coup-military-homeland-departments-/5802631.html

ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ စစ်တပ်စီးပွါးရေးတို့ကို ကန် ကုန်သွယ်ရေးအမည်မည်းစာရင်းမှာ ထည့်သွင် ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ စစ်တပ်စီးပွါးရေးတို့ကို ကန် ကုန်သွယ်ရေးအမည်မည်းစာရင်းမှာ ထည့်သွင် Reviewed by THITHTOOLWIN on 10:34 Rating: 5

No comments:

Powered by Blogger.