လမ်းတွေကို ပိတ်ဆို့ကာရံတာတွေလုပ်ရင် ပစ်သတ်မယ်လို့ စစ်တပ်နဲ့ ရဲ ခြိမ်းခြောက်

လမ်းတွေကို ပိတ်ဆို့ကာရံတာတွေလုပ်ရင် ပစ်သတ်မယ်လို့ စစ်တပ်နဲ့ ရဲ ခြိမ်းခြောက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အင်အားအလွန်အကျွံသုံးပြီး အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းနေတာတွေကို ကာကွယ်ဖို့ သဲအိတ်တွေ၊ အကာအရံတွေကို ချထားစဥ်။ Photo: RFA

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေအပါအဝင် ရန်ကုန်နဲ့ မန္တလေးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ရပ်ကွက်တွေထဲ မဝင်နိုင်အောင် လမ်းပေါ်မှာ ချထားတဲ့ သဲအိတ်တွေနဲ့ အကာအရံတွေကို ဖယ်ရှားဖို့နဲ့ ထပ်ပြီး ချထားတာတွေ့ရင် ရပ်ကွက်ကို မြေလှန်ပြီး သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်နေတဲ့ ဗီဒီယိုတစ်ခု Facebook လူမှုကွန်ရက်မှာ မနေ့က ပျံ့နှံ့ခဲ့ပါတယ်။

မတ်လ ၁၅ ရက်နေ့ကစလို့ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဥက္ကလာမြို့နယ်တွေအပါအဝင် လှိုင်သာယာမြို့နယ်မှာလည်း နေအိမ်တွေထဲအထိ လူတွေကို ဝင်ရောက်ဖမ်းဆီးပြီး၊ သဲအိတ်တွေနဲ့ အကာအရံတွေကို ဖယ်ရှားခိုင်းတာတွေ လုပ်ခဲ့တယ်လို့လည်း ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီလိုခိုင်းစေရင်း ရပ်ကွက်တွေထဲမှာ လူတွေကို အသံချဲ့စက်နဲ့ ခြိမ်းခြောက်မှုတွေကိုလည်း အာဏာပိုင်တွေက လုပ်ဆောင်နေတာပါ။

ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အင်အား အလွန်အကျွံသုံးပြီး ကျည်အစစ်တွေ၊ ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေ၊ အသံတွေ ဗုံးတွေ မျိုးစုံနဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းနေတာကြောင့် ဒါတွေကို ကာကွယ်ဖို့ ရပ်ကွက်တွေမှာ သဲအိတ်တွေ၊ အကာအရံတွေကို ချထားတာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/myanmar-police-and-military-threaten-yangon-residences-03172021171210.html

လမ်းတွေကို ပိတ်ဆို့ကာရံတာတွေလုပ်ရင် ပစ်သတ်မယ်လို့ စစ်တပ်နဲ့ ရဲ ခြိမ်းခြောက်  လမ်းတွေကို ပိတ်ဆို့ကာရံတာတွေလုပ်ရင် ပစ်သတ်မယ်လို့ စစ်တပ်နဲ့ ရဲ ခြိမ်းခြောက် Reviewed by THITHTOOLWIN on 06:37 Rating: 5

No comments:

Powered by Blogger.